"ဒီမှာခနထိုင်နေ ငါရေချိုးလိုက်ဦးမယ်~"

"အာ့ချို kookieတစ်ယောက်တည်းပျင်းနေမှာပေါ့~"

"မင်း မုန့်စားရတာကြိုက်တယ်မဟုတ်လား
မုန့်စားနေလိုက် ယူပေးမယ်~"

"ကြိုက်တယ် ချားမယ် ချားမယ်~"

လက်ခုပ်လက်ဝါးတီးကာပျော်ရွှင်နေတဲ့ကလေးငယ်ကိုကြည့်ကာထယ်ယောင်းတစ်ချက်ပြုံးရင်း
မုန့်တွေယူပေးပြီးသူကရေချိုးရတာပေါ့~

"အခုမှဘဲလန်းဆန်းသွားတော့တယ်~"

"ရေချိုးလို့ပီးပီရား~"

"အွန်း ပြီးပြီ မင်းရော မုန့်စားလို့ပြီးပြီလား~"

"ပီးသေးဘူး ဗိုက်ပြည့်ဝါးလို့နားနေတာ~"

"တကယ့် အစားပုပ်ကောင်ပါကွာ ဘယ်လိုဟာလေးလဲ~"

ပြောပြောဆိုဆိုနဲ့ထယ်ယောင်းကအဝတ်စားအမြန်ဝတ်ကာ
စာရွက်အလွတ်နဲ့ကျောင်းသုံးရောင်စုံခဲတံတွေကိုယူပြီး
သူ့အိပ်ယာပေါ်ကkookieရှေ့ချပေးလေရဲ့~

"ကဲ မင်းကြိုက်တဲ့ပုံဆွဲပေတော့ ငါလဲgameဆော့တော့မယ်~"

"ဘိုလိုဆွဲရမှာလဲ~"

"အော် ဟုတ်သားဘဲ မင်းပါ့ကျောင်းမတက်ရသေးတာ
လာ အတူတူဆွဲမယ်~"

ထယ်ယောင်းကkookieလက်ထဲ
ရောင်စုံခဲတံထည့်ပေးကာသူ့လက်နဲ့ထပ်ကိုင်ပြီး
အခြေခံကြောင်ပုံလေးတွေ ပန်းပုံလေးတွေရေးဆွဲတော့
kookieက သဘောကျနေဟန်~

"ခစ်ခစ်...မီး​ညောင်ရေး~"

"ဟုတ်တယ် အဝါရောင်မီးညောင်လေးလေ သဘောကျရဲ့လား~"

"ဟုတ်~ဒါကို kookieယူသွားလို့ရရား
ommaကိုပချင်ရို့~"

"ရတာပေါ့ ခနနေပြန်ရင်ယူသွား~"

"ကျေးဆုတင်ပါတယ်ဦးရေးကြီး~"

ကျေးဇူးတင်တာကိုလက်ခံဘေမဲ့
ဦးလေးကြီးလို့အခေါ်ခံရတာကိုမကြိုက်တဲ့ထယ်ယောင်းက
ကလေးကိုလဲအပြစ်မဆိုနိုင်~ဘာကြောင့်လဲဆိုတော့
ကလေးရဲ့အမေနဲ့သူကအသက်တစ်နှစ်သာကွာတာကိုး~

"ပြန်ရအောင်လေအသေးလေး မင်းအမေရှာနေတော့မယ်~"

"ဟုတ်~"

~~သွေး~~{Complete}Where stories live. Discover now