"kookieနဲ့တူတူ ကကြားကြမယ်ရေ~"

"မကစားချင်ပါဘူး ငါကကလေးလဲမဟုတ်~"

"ဘာလို့လဲ kookieနဲ့ချော့မယ်လေ~"

ကလေးရဲ့ပုံစံကအရမ်းကိုအထီးကျန်နေပုံပေါ်တာကြောင့်
ထယ်ယောင်းသက်ပြင်းအသာချကာ
kookieဘက်လက်လှမ်းပေးလိုက်ရင်း~

"လာခဲ့ ငါ့အိမ်ကိုသွားမယ်~"

"Ommaက မလိုက်သွားရဘူးတဲ့~"

"အဲ့တာဆိုလဲ ဒီမှာဘဲနေခဲ့လိုက်တော့~"

"ဟင့်အင်း လိုက်မှာ~"

"အဲ့တာများ လာခဲ့~"

ထယ်ယောင်းကkookieရဲ့လက်ဖောင်းဖောင်းသေးသေးလေးကိုကိုင်ကာ သူ့အိမ်ကိုခေါ်သွားတော့
သူ့မိဘတွေကအလုပ်ကနေမပြန်လာကြသေးတာမို့
kookieကိုသူ့အခန့်ထဲဘဲခေါ်သွားလိုက်တယ်။

"ဒီမှာခနထိုင်နေ ငါရေချိုးလိုက်ဉီးမယ်~"

"အာ့ချို kookieတစ်ယောက်တည်းပျင်းနေမှာပေါ့~"

"မင်း မုန့်စားရတာကြိုက်တယ်မဟုတ်လား
မုန့်စားနေလိုက် ယူပေးမယ်~"

"ကြိုက်တယ် ချားမယ် ချားမယ်~"

လက်ခုပ်လက်ဝါးတီးကာပျော်ရွှင်နေတဲ့ကလေးငယ်ကိုကြည့်ကာထယ်ယောင်းတစ်ချက်ပြုံးရင်း
မုန့်တွေယူပေးပြီးသူကရေချိုးရတာပေါ့~

"အခုမှဘဲလန်းဆန်းသွားတော့တယ်~"

"ရေချိုးလို့ပီးပီရား~"

"အွန်း ပြီးပြီ မင်းရော မုန့်စားလို့ပြီးပြီလား~"

"ပီးသေးဘူး ဗိုက်ပြည့်ဝါးလို့နားနေတာ~"

"တကယ့် အစားပုပ်ကောင်ပါကွာ ဘယ်လိုဟာလေးလဲ~"

ပြောပြောဆိုဆိုနဲ့ထယ်ယောင်းကအဝတ်စားအမြန်ဝတ်ကာ
စာရွက်အလွတ်နဲ့ကျောင်းသုံးရောင်စုံခဲတံတွေကိုယူပြီး
သူ့အိပ်ယာပေါ်ကkookieရှေ့ချပေးလေရဲ့~

"ကဲ မင်းကြိုက်တဲ့ပုံဆွဲပေတော့ ငါလဲgameဆော့တော့မယ်~"

"ဘိုလိုဆွဲရမှာလဲ~"

"အော် ဟုတ်သားဘဲ မင်းပါ့ကျောင်းမတက်ရသေးတာ
လာ အတူတူဆွဲမယ်~"

~~သွေး~~{Complete}Tempat cerita menjadi hidup. Temukan sekarang