"သူများကိုသက်သေမရှိဘဲအဲ့လိုမပြောပါနဲ့~"
"အစ်မတို့ကလူသစ်မို့မသိတာ သူတို့သားအမိအကြောင်း
ဒီတစ်ရပ်ကွက်လုံးသိတယ်~"
"မဖြစ်နိုင်တာ~"
"ဖြစ်နိုင်တာပေါ့ ဒီကလေးကိုတောင်လင်ကောင်မပေါ်ဘဲ
အသက်17လေးနဲ့မွေးထားတာလေ အခုမှသူ့အသက်က
21နှစ်ဘဲရှိသေးတာ ကလေးရဲ့မျိုးရိုးနာမည်ကိုလဲ
သူ့မျိုးရိုးဘဲထည့်ထားတာ~"
သူများမကောင်းကြောင်းကိုအားပါးတရပြောနေတဲ့
အိမ်နီးချင်းအမျိုးသမီးကိုkimမိသားစုကတော့
အထင်မကြီးတဲ့အပြင်ကြည့်မရတော့~
"ညီမရေ အားနာဘေမဲ့အသံလေးလျှော့ပေးပါနော်
ကလေး မကြားသင့်တာတွေကြားနေရတာမကောင်းဘူး~"
"ကျွန်မလဲစိတ်လောသွားလို့ပါ ပြီးတော့လေအစ်မ
kookieလေးမှာထူးဆန်းတဲ့ရောဂါရှိတယ်လို့သူ့အမေကပြောတယ် အဲ့တာကြောင့် ချစ်စရာကောင်းဘေမဲ့ဘယ်သူမှမထိကြဘူး~"
"ဒီလောက်ငယ်တဲ့ကလေးမှာဘာရောဂါရှိမှာလဲ
လျှောက်မပြောပါနဲ့ညီမရယ် ကလေးကရောဂါသည်နဲ့တောင်မတူတာကို~"
"မေကြီး ကလေးအိပ်ငိုက်နေပြီ ဒီကိုပေး~"
"အွန်း~"
လူကြီးတွေဘာအကြောင်းပြောပြော
အသက်လေးနှစ်တောင်မပြည့်သေးတဲ့ဂျောင်ကုဆိုတဲ့
ကလေးငယ်လေးကတော့ပျင်းလို့အိပ်ငိုက်နေပြီမို့Mr.kimကပွေ့ယူချော့သိပ်ပေးရတယ်။
"ပြီးတော့လေအစ်မ......
"Omma ကျွန်တော်ဗိုက်ဆာတယ်
စားစရာတစ်ခုခုလုပ်ပေးတော့~"
"ဟုတ်ပြီသားရေ အားနာလိုက်တာညီမရယ်
အစ်မတို့ကအခုမှအိမ်ပြောင်းလာတာဆိုတော့ဟင်းစိမ်းဘာမှမရှိဘူး အပြင်ထွက်စားရမယ်ထင်တယ်~"
"အာ..ရပါတယ်အစ်မ ကျွန်မလဲပြန်လိုက်ပါဦးမယ်~"
"ကောင်းပါပြီဖြေးဖြေးပြန်ပါ~"
ထယ်ယောင်းကျေးဇူးနဲ့အိမ်နီးချင်းကိုနှင်ထုတ်လိုက်နိုင်ဘေမဲ့
သူတို့စားသောက်ဖို့ တကယ်ကိုအပြင်ထွက်ရမှာကြောင့်
အကောင်းဆုံးအကြံကိုထုတ်ရပြီဖြစ်တဲ့Mrs.kim~
YOU ARE READING
~~သွေး~~{Complete}