"ဘယ်နားကချစ်ဖို့ကောင်းနေလို့လဲ~"
"သူ့ကိုထားလိုက်စမ်းပါ~ကလေးရဲ့နာမည်ကဘယ်လိုခေါ်လဲပြောပါဦး~"
"ဂျွန်ဂျောင်ကု~"
"အိုး လှလိုက်တဲ့နာမည်လေး လူလေးကလဲချစ်စရာလေး
အသက်ကရောဘယ်လောက်ရှိပြီလဲ~"
"နားနှစ်လားအသိဘူး~"
"ဟားဟားး ချစ်စရာလေးပါကွာ..မွ~"
ကလေးကအရမ်းငယ်သေးတာမို့
သူ့အသက်သူမသိသေးဘေမဲ့
စကားအရမ်းတတ်လို့ ချစ်စရာကောင်းတာတော့အမှန်~
"ဒီမှာမုန့်တွေအများကြီးရှိတယ် ကြိုက်တာယူစားလို့ရတယ်~"
"တကယ်ရား~"
"တကယ်ပေါ့ဂျောင်ကုလေးရဲ့~"
~Tito~~Tito~
"ဖေကြီးရေ အိမ်ရှေ့မှာဘယ်သူလဲမသိဘူး
တံခါးသွားဖွင့်ပါဦး သားကGameဆော့နေပြီထင်တယ်~"
"OKပါဗျာ~"
နွေးထွေးတဲ့မိသားစုမှာကြီးပြင်းလာတဲ့ထယ်ယောင်းက
တစ်ယောက်တည်းသီးသန့်နေရတာကြိုက်သလို
စကားလဲနည်းပြီးအရယ်အပြုံးလဲနည်းတာဟာဘာကြောင့်လဲမသိ~
"ဘာကိစ္စလဲခဗျ~"
"ခနကဆန်မုန့်လာပို့တဲ့အိမ်လားမသိဘူးနော်~"
"ဟုတ်ပါတယ်ခဗျ~"
"အော် ဟုတ် ကျွန်မကကင်မ်ချီလာပြန်ပေးတာပါ~"
"အော်..အထဲဝင်ဦးလေ ကျွန်တော့်မိန်းမနဲ့သိမယ်ထင်တယ်~"
Mr.kimခေါ်လာသူအမျိုးသမီးက
ဘေးအိမ်ကအမျိုးသမီးဖြစ်နေတာမို့
Mrs.kimလဲကောင်းကောင်းဧည့်ခံပေးလေရဲ့~
"kookieရှိနေတာလား အိမ်ကိုဧည့်သည်လာပြန်လို့လား~"
"ဟုတ်~"
"ဟင်?? ခနက နေပူထဲထွက်ရပ်နေတာ
အိမ်မှာဧည်သည်ရှိလို့လား အဲ့လိုမလုပ်ရဘူးလေ
ဧည့်သည်ကိုကြောက်ရင် ကလေးရဲ့မေမေအနားမှာနေရမှာပေါ့~"
"အမလေးအစ်မရယ် မပြောချင်ဘေမဲ့ပြောပြရဦးမယ်
သူ့အမေကဟိုအလုပ်လုပ်စားတာလေ သူ့ဖောက်သည်လာတိုင်း ကလေးကိုမုန့်ပေးပြီးအိမ်ပြင်ထွက်နေခိုင်းတာ~"
YOU ARE READING
~~သွေး~~{Complete}