Part - 80 [Uni&Zaw]

6.7K 529 84
                                    

Unicode

အိပ်ယာပေါ်လှဲနေရင်း ထနောင်းရိပ်အတွေးတွေများနေရ၏။နားသယ်စတွေကြား ခပ်နွေးနွေးစီးကြောင်းလေးလေးတိုးဝင်‌သွားတော့ ရင်ဘတ်ထဲက နာလာသလိုပင်။သေချာစဥ်းစားကြည့်ပြန်တော့ သူLunaကိုစိတ်ဆိုးနေလားဆိုတာသည်မသေချာ။ရုတ်တရပ်အခြေအနေတွေမှာ သူလိုက်မှီအောင်ကြိုးစားရင်း ခဏရှောင်ထွက်ခဲ့ခြင်းသာ။ဖုန်း Wallpaper ပေါ်မှာတင်ထားသည့် ပုံလေးကိုကြည့်မိတော့ နှလုံးသားက တစ်ဆစ်ဆစ်ကိုက်လာပြန်သည်။

"ရှင်ဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ အရိပ်"

မည်သူမျှမရှိတဲ့အခန်းလေးထဲမှာ ထနောင်းရိပ်ခပ်တိုးတိုးရေရွတ်ရင်း အသံတိတ်မျက်ရည်ကျမိပြန်သည်။အခု သူရောက်နေတာ ဖလမ်းမှာဖြစ်သည်။အစကတည်းက အစီအစဥ်တကျဖြစ်အောင်သေချာစီစဥ်ထားတာမိ အရိပ်လိုက်မမှီအောင်ပြေးဖို့စီစဥ်ခဲ့ပြီးသား။သို့သော် အချိန်တစ်ခုအထိသာ။

အခုလည်း မမဒီဘက်မြို့မှာရှိနေတယ်လို့သတင်းအတိအကျရထားတာကြောင့်ပင်။ဒီမလာခင်တစ်ပတ်လောက်အလိုက ထနောင်းရိပ်ဆီကို စာတစ်ခုရောက်လာသည်။မမကိုသူရှာနေတာနဲ့ပတ်သတ်ပြီး အတော်သိထားပုံရသလို၊မမကိုလည်း သိနေပုံပင်။ထို့ကြောင့် ထနောင်းရိပ်ထိုလူနဲ့ သေသေချာချာ အချိတ်အဆက်လုပ်ပြီးထွက်လာခဲ့တာဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မမကိုရှာတွေ့ဖို့သာအဓိကဖြစ်တာမို့အခုအချိန်မှာအခြားအရာတွေကို ထနောင်းရိပ်မတွေးဖို့ဆုံးဖြတ်ထားသည်။ထိုအရာတွေထဲတွင် အရိပ်အပါအဝင်ဖြစ်၏။

ရှင့်ကိုကျွန်မချစ်တယ် အရိပ်။ဒါပေမယ့် ကျွန်မအမက ကျွန်မဘဝလောက်အရေးပါတယ်။ဒါကြောင့် အချိန်တစ်ခုလောက်အထိတော့ရှင်နဲ့ကျွန်မခွဲနေကြရအောင်။

_____________________________

"ဒါဆို ဒီခင်းထားတာလေးတွေရော ဟိုအိမ်ခေါင်မိုးကအချပ်လေးတွေပါ ကျောက်သင်ပုန်းလေးတွေပေါ့နော်"

"ဟုတ်ပါ့ဗျာ"

ဇမ်းရော ညွှန်းပါ ဦးဆလိုင်းလိုက်ပို့သည့် ရိုးရာအိမ်‌ဆိုသည့်နေရာကိုရောက်နေတာဖြစ်သည်။စစရောက်သည့်နေ့က ဦးဆလိုင်းအိမ်ရောက်ဖို့စိတ်လောနေခဲ့တာမို့ ပတ်ဝန်းကျင်အခြေအနေကို သတိမထားမိခဲ့။အခုမှသေချာ‌ကြည့်ဖြစ်သည်။ထို့အပြင် ကျောက်သင်ပုန်းဆိုတာ လွန်ခဲ့တဲ့ နှစ်တွေမှာ စာရေးဖို့အတွက် အသုံးပြုသည်ဟုသာ ပိုသိထားတာဖြစ်သည်။

You are My BoneWhere stories live. Discover now