Part-14[Uni&Zaw]

34.1K 2.2K 229
                                    

Unicode

မနက်က ညွှန်းနဲ့ဖုန်းပြောပြီးကတည်းက စက်ရှိန်ဘာလုပ်လုပ်အဆင်မပြေပါ။ဒါပေမဲ့ စောပြန်လို့မရတဲ့အကြောင်းတွေရှိနေတာကြောင့် ကိုယ်သွားတိုင်းပါမလာတဲ့စိတ်ကိုအတော်ဆွဲခေါ်နေရ၏။အခုတော့ လုပ်လက်စတွေကိုအမြန်လက်စဖြတ်ပြီး စောနိုင်သမျှ စောအောင်ပြန်လာခဲ့တာဖြစ်သည်။ကားမောင်း‌ရင်းလည်းညွှန်းအကြောင်းကိုပဲတွေးမိသည်။မနေ့က အန်ကယ်က သူ့ကိုဖုန်းဆက်ပြောခဲ့တာက

"အန်ကယ်က Phan Nay Groupရဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင်တစ်ယောက်အ‌နေနဲ့ AD ညွှန်းစာစီဖွဲ့ကို အလုပ်ထုတ်ဖို့ ဆန္ဒရှိပါတယ်"

"ခင်ဗျာ! အန်ကယ်ဗျ အန်ကယ်နဲ့ညွှန်းဘာတွေဖြစ်ကြမှန်းမသိပေမယ့် ဝန်ထမ်းတစ်ယောက်ကိုအလုပ်ထုတ်ချင်တိုင်းထုတ်လို့မရဘူးဆိုတာ အန်ကယ်လည်းသိမှာပါ"

"သိပါတယ် မောင်နေ၊ဒါကြောင့်လဲ နစ်နာကြေးကို အန်ကယ်ဘက်ကနေကျခံပေးမှာပါ၊အဓိက က အလုပ်ထုတ်ပစ်ဖို့ပဲ"

"အားနာပေမယ့် ပစ်ချက်မရှိတဲ့ ကျွန်တော့်ရဲ့ဝန်ထမ်းတစ်ယောက်ကို ဒီလိုလက်လွတ်စပယ် အလုပ်ထုတ်ပစ်လို့မရဘူးဆိုတာ အန်ကယ်လည်းသိမှာပါ"

"အန်ကယ်နားလည်ပါတယ်၊ဒါပေမယ့် အန်ကယ်လိုချင်တာ သူအလုပ်မှာမရှိဖို့ပါပဲ၊အာဏာသုံးတယ်ပဲဆိုဆို ကုမ္ပဏီရဲ့ဒုတိယအကြီးဆုံးရှယ်ယာရှင်အနေနဲ့ အန်ကယ့်ဘက်ကတင်ပြချက်ပါပဲ"

အန်ကယ်နဲ့ပြောခဲ့တဲ့စကားတွေကို စက်ရှိန်ပြန်တွေးမိတော့ ရင်ထဲမှာတင်းကျပ်သွားရကာ ညွှန်းစကားတွေပြန်ကြားလိုက်ရတော့ အသက်ရှုပါကျပ်ချင်သွားရ၏။သူဒီဘက်မှာ အန်ကယ်နဲ့ပြဿနာတွေဖြေရှင်းပေးဖို့ကြိုးစားနေတုန်းရှိသေးသည် ညွှန်းကသူ့ထက်အရင်ထွက်ခွာသွားလိုက်ပြီဖြစ်နေသည်။ပြဿနာအရင်း အမြစ်က အန်ကယ်ရောညွှန်းကပါ ဘာမှဖွင့်ဟခြင်းမရှိတော့ သူမှာဟိုစမ်းစမ်းဒီစမ်းစမ်းနဲ့ ဖြစ်ရပြန်သေး၏။ပုံမှန်အားဖြင့် စက်ရှိန်က ထိုကဲ့သို့သိချင်စိတ်ပြင်းပြသူမျိုးမဟုတ်ပေမယ့် ထိုအမျိုးသားကညွှန်းဖြစ်နေတာကြောင့်ပင် သူ့စိတ်နှလုံးကငြိမ်သက်ခြင်းမရှိဖြစ်နေရ၏။

You are My BoneWhere stories live. Discover now