Part_32[Uni&Zaw]

25.6K 2K 158
                                    

Unicode

ညွှန်းပုံဆွဲတာလက်စသတ်ပြီး နာရီကိုမော့ကြည့်လိုက်တော့ ၉နာရီမတ်တင်းရှိနေပြီဖြစ်သည်။အခန်းတံခါးဘက်ကိုအကြည့်ရောက်သွားတော့ စိတ်မငြိမ်စွာ သက်ပြင်းတစ်ချက်ကိုခပ်ဖွဖွချမိ၏။စောစောပြန်လာမယ်လို့ပြောသွားတာပဲ ပြန်လာမှာပါ။ဒဏ်ရာအနာတရတွေမရစေချင်တာကတော့ ဆုတောင်းနေရင်းတောင်စိတ်ပူရမသက်သာသည့် ရင်ထဲကပူပန်မှု့ပင်။ညွှန်းထိုင်နေတာလည်းကြာနေပြီမို့ လူကမသက်မသာဖြစ်လာတာကြောင့် ရေအိမ်သွားဖို့ပြင်လိုက်မိသည်။

"ဒုန်း!"

ညွှန်း ကိစ္စတွေပြီးလို့လက်ဆေးနေတုန်းရှိသေးသည် အခန်းဘက်ကကြားလိုက်တဲ့အသံကြောင့် လူကဆတ်ခနဲဖြစ်သွားရ၏။သို့ပေမယ့် ဇမ်းပြန်လာတာများလားလို့တွေးမိတော့ လူကလှိုက်ခနဲပျော်သွားတာကြောင့် လက်ကရေအစိုအတိုင်းနှင့် အရှေ့ကိုပြေးထွက်လာမိလိုက်၏။သို့ပေမယ့် ဘယ်သူမှရှိမနေတာမို့ ညွှန်းစိတ်ထဲအလိုမကျဖြစ်သွားရ၏။

"ဒုန်း!"

နောက်တစ်ကြိမ်ထပ်ကြားရတဲ့အသံက ခုနကလိုကျယ်နေတာမဟုတ်ပေမယ့် အနည်းငယ်တော့ဆူသွားသည်။ပြီးတော့ တစ်ခုခုတွေနဲ့ခဏခဏတိုက်မိနေသလို အသံတွေကဆက်တိုက်။အသံတွေကသေချာပေါက်ညွှန်းအခန်းကဟုတ်မနေတာမို့ ချက်ချင်းဆိုသလိုမျက်နှာချင်းဆိုင်အခန်းကရှင်းလေးကိုစိတ်ပူသွားမိ၏။သို့ပေမယ့် အန္တရာယ်ရှိတဲ့သူဆိုကိုယ့်ကိုပါ ထိခိုက်လာနိုင်တာမို့ သတိကြီးကြီးနဲ့ ကိုင်တွယ်ဖို့ကိုယ့်ဘာသာ အထပ်ထပ်သတိပေးနေရ၏။ပြီးတော့ စိတ်ထဲမှာလည်း ဒီအချိန်ဇမ်းသာရှိနေရင်ဆိုတာလည်းတွေးမိသေးသည်။ဘယ်ကတည်းက ဇမ်းအပေါ်သူအားကိုးတတ်သွားပါလိမ့်။

ညွှန်းစိတ်ကိုအေးအေးထားကာ အခန်းတံခါးဖွင့်ရင်းအခြေအနေကြည့်လိုက်တော့ ရှင်းလေးအခန်းတံခါးကပွင့်လျက်သားပင်။သို့ပေမယ့် အခန်းထဲကတော့အမှောင်အတိ။စောစောကကြားရသည့် အသံတစ်ချို့ကလည်းတိတ်ဆိတ်နေသွားပြီဖြစ်သည်။အမှောင်ထဲမှာမို့ဘာကိုမှသေသေချာချာမမြင်ရသည့်အတွင် ညွှန်းသတ်ကြီးကြီးထားကာ ခပ်စမ်းစမ်းနဲ့ရှင်းလေးအခန်းထဲကိုဝင်သွားမိ၏။

You are My BoneWhere stories live. Discover now