Part_55 [Uni&Zaw]

14.5K 1K 129
                                    

Unicode

Ring....Ring....Ring

"ဟင်း!"

ဖုန်း Ringtone သံကြောင့် ညွှန်းစိတ်မရှည်စွာသက်ပြင်းချမိသွား၏။ပြီးတော့ လက်ထဲကဖိုင်ကို စိတ်ပျက်စွာစားပွဲပေါ်တင်လိုက်ရင်း ဖုန်းကိုလှမ်းယူကာကြည့်လိုက်သည်။

အရိုင်းအစိုင်းလေး!
ကိုယ့်ဘာသာမှတ်ထားသည့်နာမည်ကြောင့် ကိုယ့်ဘာသာအရင်ပြုံးမိသွားရ၏။ဘာကြောင့်မှန်းမသိ ဇမ်းဖုန်းခေါ်ရုံနှင့် သူ့ရင်ထဲက စိတ်ပူပင်မှု့တွေက တစ်ဝက်လောက်လျော့ကျသွားရသည်။

"အင်း ပြော"

"ခင်ဗျားအဆင်ပြေရဲ့လား"

စစချင်းပြောလာသည့်စကားမှာတင်သူ့အားစိတ်ပူသည့်အငွေ့အသက်များကြောင့်ညွှန်းနူတ်ခမ်းလေးတွေ စိတ်လိုလက််ရကွေးညွှတ်သွားရ၏။သို့ပေမယ့် လေးလံနေသည့်ခံစားချက်ကတော့ ပျောက်မသွားခဲ့ဘဲ....၊

"အင်း ပြေပါတယ်"

"အသံကလည်း ဖျော့နေတာပဲ....၊နေမကောင်းဘူးလား"

"နေကောင်းပါတယ်....၊ဒီတိုင်း"

"ဒီတိုင်း ဘာဖြစ်လဲ"

တကယ်တမ်းမေးလာတော့လည်း ညွှန်းပြောမထွက်နိုင်။ကိုယ့်ပတ်ပတ်လည်မှာပြဿနာတွေ သောင်းသောင်းဖျဖျဝန်းရံနေတဲ့အချိန် သူ့ကိုသတိတရရှိခဲ့ပေမယ့် ကိုယ့်အခက်အခဲတွေကို တကယ်တမ်းမျှဝေဖို့ကျတွန့်ဆုတ်နေမိသည်။လူတိုင်းမှာ သောကဒုက္ခတွေကိုယ်စီရှိကြတာ မဖော်ပြကြလို့သာမမြင်ရပေမယ့် လုံးဝမရှိနေတာတော့မဟုတ်ပေ။ဇမ်းလည်း ဤသို့ပင်။သူ့ရဲ့စိတ်သောကများကို ညွှန်းကို ဖွင့်ဟမပြောခဲ့သည်တိုင် သူကိုယ်တိုင်လည်း ခံစားချက်တွေကို သယ်ပိုးနေရသည်။ထို့ကြောင့် ဇမ်းအားစိတ်ပူပင်စေမည့် မည့်သည့်အကြောင်းအရာကိုမှ ညွှန်းထုတ်ဖော်မပြချင်ပါ။ဒါ့အပြင် အခုအချိန်မှာ ဇမ်းသည် သူနှင့်ဝေးသည့် တစ်နယ်တစ်ကျေးမှာ။

"ငါ့ကိုပဲ ပူမနေပါနဲ့....၊မင်းကရော"

"ဒီည အပြင်သွားစ‌ရာ‌ရှိတယ် အလုပ်ကိစ္စနဲ့"

ဇမ်း ညွှန်းအမေးကိုဖြေရင်း K ကို မျက်စိထဲမြင်ယောင်လာသည်။

You are My BoneWhere stories live. Discover now