Part-20[Uni & Zaw]

28.1K 2K 135
                                    

Unicode

"ဒီနေ့နဲ့ဆို ခင်ဗျားအလုပ်လိုက်လျှောက်နေတာ တစ်ပတ်ပြည့်တော့မယ်နော်"

ဇမ်းပြောလိုက်တော့ ညွှန်းစားလက်စလှုပ်ရှားနေတဲ့လက်လေးတွေ ခနရပ်သွားကာ ပြီးမှ ဘာမှမဖြစ်သလိုပုံလေးဖြင့်

"အင်း...၊အလုပ်တွေက ငါနဲ့သိပ်အဆင်မပြေလို့"

အလုပ်တွေကအဆင်မပြေတာလား၊အလုပ်ရှင်တွေက အဆင်မပြေစွာငြင်းခဲ့တာလားလို့တော့ ဇမ်းမမေးဖြစ်ခဲ့ပါ။အဲ့အစား ...၊

"အလုပ်က ခင်ဗျားအမြဲလုပ်နေရမှာဆိုတော့ ကိုယ်နဲ့ကိုက်ညီတာကိုရွေးပေါ့...၊တော်ကြာအလုပ်ဝင်ပြီးမှနေ့တိုင်းစိတ်ညစ်ရရင်အဆင်မပြေဘူး၊တကယ်လို့ ဘယ်အလုပ်နဲ့မှခင်ဗျားအဆင်မပြေဘူးဆိုလည်း အိမ်မှာပဲနေပေါ့....၊ငွေလိုလို့အလုပ်,လုပ်တာမှမဟုတ်တာ"

ဇမ်းစကားဆုံးတော့ ညွှန်းကခပ်ဖျော့ဖျော့လေးပြုံးလေသည်။

"မင်းရော ဒီနေ့အပြင်သွားအုန်းမှာလား"

"အင်း သွားမှာ...၊အရမ်းအရေးကြီးတာမျိုးတော့ မဟုတ်ပါဘူး၊ခင်ဗျားကိစ္စရှိလို့လား"

"မရှိပါဘူး ဒီတိုင်းမေးကြည့်တာ"

"အင်း"

နှစ်ယောက်သားစကားစပြတ်သွားတော့ စားပွဲလေးက နောက်တစ်ကြိမ်ပြန်တိတ်ဆိတ်သွားပြန်သည်။နှစ်ယောက်သားဆိတ်ဆိတ်ငြိမ်ငြိမ် မနက်စာစားနေရင်း ရုတ်တရပ်ညွှန်း ခေါင်းထဲကိုမေးစရာတစ်ခုဖျတ်ခနဲဝင်လာ၏။ထို့ကြောင့်...၊

"ဇမ်း"

"အင်း"

"မင်းညကအပြင်သွားသေးတာလား"

"အင်း...၊ဒီနားလေးပါ ခနလေးသွားတာ"

"ကိစ္စရှိလို့လား"

"မရှိပါဘူး...၊ရုတ်တရပ် ကြက်သားကင်စားချင်လာလို့ အောက်မှာရှိသလားလို့ဆင်းကြည့်တာ၊တွေ့လည်း မတွေ့ခဲ့ပါဘူး"

ဇမ်းက ယုတ္တိတန်စွာလိမ်ညာစကားကို ခပ်မှန်မှန်ပဲပြောလိုက်၏။ညွှန်းကလည်း ဘာမှ သံသယရှိပုံမပေါ်ဘဲ....၊

"အော်...၊ဒါဆို ညနေစာကို မင်းအတွက်ကြက်သားကင်ဝယ်ထားပေးရမလား"

You are My BoneWhere stories live. Discover now