Part-11[Uni&Zaw]

28.4K 1.9K 266
                                    

Unicode

အိမ်နားရောက်ဖို့ပိုနီးလာလေ ညွှန်းရဲ့နှလုံးခုန်သံတို့က ပိုမြန်လာလေဖြစ်ကာ ဇမ်းရဲ့ဂျာကင်ကိုဆုပ်ဆွဲထားသည့် လက်ဖဝါးတို့က ချွေးစေးတို့ကိုပါညွှန်းခံစားမိ၏။တစ်ညလုံးပျောက်သွားပြီးမိုးလင်းမှယောကျ်ားတစ်ယောက်နဲ့အတူပြန်လာခြင်းအပေါ် ဖေဖေနဲ့မေမေ ဘယ်လိုတွေးကြမလဲ။မေမေက ကိစ္စမရှိပေမယ့် ဖေဖေကဘယ်လိုတုန့်ပြန်မှာလဲ။ပြီးတော့ ဒီကောင်လေးကလည်းအပြောအဆိုမယဥ်ကျေးမှု့တွေနဲ့ ညွှန်းတကယ်ပဲ ထွက်ပြေးချင်စိတ်ပေါက်သွားမိသည်။

"ရှေ့နားဆို ငါ့အိမ်ရောက်ပြီ၊မင်းဒီမှာပဲရပ်ပေးလည်းအဆင်ပြေတယ်"

"ကျုပ်ကို ခင်ဗျားကယ်ရီသမားမှတ်နေလား"

"မင်းဘာသာ ဘာဖြစ်ဖြစ်၊ငါ့ကိုအိမ်နားအထိရောက်အောင်မပို့နဲ့ ရပ်တော့"

ညွှန်းပြောတော့ ဇမ်းက စက်ရှိန်ကိုနည်းနည်းသတ်လိုက်ကာ

"ကျုပ် ဒီကိုလိုက်လာတာ ခင်ဗျားကိုအိမ်ရှေ့ထိလိုက်ပို့ပြီးလှည့်ပြန်ဖို့မဟုတ်ဘူး"

"ပြန်ပို့ဖို့မဟုတ်ရင် ဘာလုပ်ဖို့လဲ"

"ခင်ဗျားမိဘတွေနဲ့တွေ့မယ်"

"ဘာ!"

ညွှန်းရဲ့ "ဘာ" သံအဆုံးမှာဆိုင်ကယ်လေးကညွှန်းအိမ်ရှေ့မှာထိုးရပ်သွားလေသည်။

"နား,နားလေးကို ဘယ်လိုဖြစ်လို့အော်နေတာလဲ ခင်ဗျား"

"မအော်စေချင်ရင် အခုပြန်"

"ကျုပ်က ခင်ဗျားစကားကိုနားထောင်ရမှာလား"

"ဇမ်း!ငါပြန်လို့ပြောနေတယ်"

"ဒီအခြေအနေအထိရောက်နေတာကို ခင်ဗျားကဘာတွေပုန်းလျှိုးကွယ်လျှိုးလုပ်ချင်နေတာလဲ"

"ဘာအခြေအနေလဲ၊မသိဘူး၊ငါကမလိုက်နဲ့ဆိုမလိုက်နဲ့"

"Sorryပဲ...၊ဒီနေ့ ခင်ဗျားမိဘတွေနဲ့တွေ့ရမှကိုဖြစ်မှာ"

ဇမ်းရဲ့အမူအယာကိုကြည့်ကာ ညွှန်းလုံးဝတားလို့မရမှန်းကိုသိလိုက်၏။ရင်ထဲမှာ ဇမ်းနဲ့ဖေဖေထိပ်တိုက်တွေ့ကြရင်ဆိုတဲ့အတွေးက ညွှန်းရင်ကိုကမောက်ကမဖြစ်စေသည်။ဘယ်လိုမှရှောင်မရသည့်အခြေအနေတွေဖြစ်လာပြီမို့ ဘာဖြစ်လာလာ ညွှန်းရင်ဆိုင်ဖို့ဆုံးဖြတ်ရုံကလွဲပြီးမတတ်နိုင်တော့ပါ။အရာရာအဆင်ပြေပြေပြီးဆုံးဖို့သာညွှန်းဆုတောင်းမိတော့၏။

You are My BoneWhere stories live. Discover now