Part-16[Uni & Zaw]

35.5K 2.3K 306
                                    

Unicode

"ဇမ်း!သူ့ ယောကျ်ား"

"ဇမ်း!"

ဇမ်းစကားကြောင့်ညွှန်းမျက်နှာလေး ပန်းရောင်လှိုင်းတွေဖြုတ်သန်းသွားကာ ဇမ်းကိုတံတောင်နဲ့တွတ်ပလိုက်မိ၏။

"ဦးစက်"

တုတု ဦးစက်နောက်ပါးမှာရပ်နေရာကနေ ဦးစက်ဘေးနားသို့‌တိုးကာ ဦးစက်ရဲ့အင်္ကျီကိုဆွဲရင်းခေါ်လိုက်တော့ ဦးစက်က တုတုကို ပြန်ငုံ့မိုးကြည့်လာ၏။ထိုအကို,ကို တုတု သိပါသည်။အရင်တစ်ခေါက်က ဦးစက်နဲ့အတူပါလာခဲ့သည့် ညွှန့်စာစီဖွဲဆိုသည့်အမျိုးသား။ပြီးတော့ ဦးစက်ကလည်း စိတ်ယိုင်နေသည့်ပုံပင်။ဦးစက် စိတ်ယိုင်လည်းယိုင်ချင်စရာပါ ထိုအကိုက အပြစ်ပြောစရာရယ်လို့ ဘယ်နေရာမှမရှိလောက်အောင် နုမွတ်ချောသန့်နေတာ။ထင်ရှားသည့်မျက်ခုံးတန်းတွေကအောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေကသာ ကလေးဆန်သလိုလက်လက်တောက်တောက်လေးရှိနေပေမယ့် သူ့ပုံစံက တည်ကြည်ပြီးသွက်လက်နေသည့်ဟန်။

"ကိုနေတို့ အတူလာကြတာလား"

ပတ်ဝန်းကျင်လေထုက အနည်းငယ်အနေရခက်သယောင်ဖြစ်လာတာမို့ ညွှန်းဘာသာပဲ စကားဝိုင်းကိုစမိလိုက်သည်။

"မဟုတ်ဘူးညွှန်းရဲ့ တုတုနဲ့လှည်းတန်းမှာတွေ့တာ၊အဲ့တာ ကိုယ်လည်းလမ်းကြုံတာနဲ့ အိမ်ပြန်တစ်ခါထဲလိုက်ပို့မလို့၊ညွှန်းက...."

စက်ရှိန်က ညွှန်းကဆိုသည့်နေရာတွင် ဇမ်းဆီကိုအကြည့်ရောက်သွားတာကြောင့်

"ကျွန်တော့်အမျိုးသားပါကိုနေ၊ဇမ်းတဲ့"

"ဘယ်တုန်းကလက်ထပ်လိုက်တာလဲ ညွှန်းရယ်၊ကိုယ်လည်းဘာမှမသိရပါလား"

"လူများများသိလေ ပိုအာရုံနောက်လေမို့ ဧည့်ခံပွဲတောင်မလုပ်ဘဲ လက်မှတ်ထိုးတာတဲ့ဟာ တစ်ယောက်ချင်းစီတိုင်းကို ကိုယ် အိမ်ထောင်ကျသွားတဲ့အကြောင်းလိုက်ပြောရမှာလား"

"ဇမ်း!"

ဒီတစ်ခါတော့ ညွှန်းအသံက ပထမတစ်ခါလိုမဟုတ် အနည်းငယ်မာထန်နေသည်။အရာရာတိုင်းမှာ ပွင့်ပွင့်လင်းလင်းပြောဆိုလုပ်ကိုင်တာ ကောင်းတဲ့နေရာရှိသလိုမကောင်းတဲ့နေရာလည်းရှိသည်။စကားတိုင်းက ပြောတိုင်းကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ ဒီကောင်လေးနားလည်အောင် သူဘယ်လိုသင်ရမှန်းမသိ။

You are My BoneWhere stories live. Discover now