Part-2[Unicode]

45.9K 2.8K 207
                                    

>>>>Flashback<<<<

"ဒီတစ်ခေါက်ကရော ကြေးဘယ်လောက်လဲ ဇမ်း"

"ငါကရတယ်...မင်းတို့ဘာသာအဆင်ပြေသလိုညှိ့ကျ"

အထက်အောက် အနက်ချည်းဝတ်ထားတဲ့ဇမ်းက ဆိုင်ကယ်ကို အကျအနမှီရပ်နေရင်းဆေးလိပ်ကို တစ်ရှိုက်ဖွာလိုက်ကာ ခပ်ပေါ့ပေါ့ဖြေသည်။‌လည်ပင်းမှာ ငွေရောင်ကြိုးမျှင်နဲ့ ဆွဲကြိုးတွေကိုသုံးကုံးလောက်ထပ်ဆွဲထားပြီး နားမှာလည်းနားကပ်တွေက တစ်ခုမကသည့် ဇမ်းပုံက တကယ့်ဂျပစီလေးလို။သို့ပေမယ့် သူ့ရဲ့အရှိန်အဝါက တော်ရုံလူ အနားမကပ်ရဲလောက်အောင် ယောကျ်ားချင်းတောင် ရှိန်ရ၏။အနက်ရောင်ဂျာကင်နှင့်အတူ နက်စွေးသည့် ဘောင်းဘီပေါ်မှာ သံကြိုးတွေ ကြိုးရှည်တွေကရှုတ်ရှုပ်ခတ်နေပေမယ့် မျက်စိနောက်ဖို့ကောင်းမနေဘဲ ဇမ်းနဲ့လိုက်ဖက်စွာကြည့်ကောင်းနေပြန်သည်။ဆေးလိပ်ကို တစ်ချက်ရှိုက်ပြီး အငွေ့တွေပြန်ထုတ်လွင့်လိုက်တဲ့ ဇမ်းရဲ့ခပ်ညိုညိုနူတ်ခမ်းပါးတွေက ဆွဲဆောင်မှု့ရှိလွန်းနေပြန်သည်။

"ဟိုဘက်ကတော့ ဒီတစ်ခေါက် တော်တော်ကြမ်းတဲ့ ဟေ့ကောင်....ဗုံးကြံမဲ့ပုံ...."

"ဗုံးကြဲရုံမကလို့ အနုမြူပဲချချ ဇမ်းဆိုတဲ့ကောင်က ဘယ်တုန်းက ဖြုံဖူးလို့လဲ"

ဒီတစ်ခါ အသံက ဇေးဆီကထွက်လာတာမဟုတ်ဘဲ ဘေးက ဒဗိုက်ဆီကထွက်လာတာဖြစ်သည်။

"အေးအေး...မင်းမြှောက်ပေးနေလိုက်...ဒီတစ်ခေါက်က အရင်တွေနဲ့မတူဘူး....သူတို့ကဝှက်ဖဲတွေနဲ့"

"အဟွန်း....ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ငါ့ကိုလာမညှိသ၍ အရာရာဟာအေးချမ်းနေမှာပဲ ဇော်ဖြိုး"

"ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်ခေါက် ငါ့တို့ တပ်ခေါက်ကြမလား ဇမ်း"

မရနိုင်မှန်းသိပေမယ့် ပြောလိုက်တာဟာ ကိုယ့်သူငယ်ချင်းဖြစ်သူကိုမထိခိုက်စေချင်တာကြောင့်။

"ဒီလိုသာ လန့်တတ်ဖြန့်တတ်နေရင် ငါဒီလောကထဲ ရောက်လာစရာအကြောင်းမရှိဘူး ဇော်ဖြိုး.....မင်းနဲ့ငါနဲ့အတူရှိလာတာလဲ အချိန်မနည်းတော့ဘူး....ငါ့စိတ်ကို မင်းမသိလို့လား...."

You are My BoneWhere stories live. Discover now