Part-1[Unicode]

87.6K 3.8K 454
                                    

"ခွမ်း!"

"မင်း ဇမ်း!"

"ဟုတ်တယ်.....ခင်ဗျားလင် ဇမ်း၊ခင်ဗျားလင် ကျုပ်ကိုယ်တိုင်လာခေါ်နေပြီမလို့အခု ချက်ချင်း ပြန်လိုက်ခဲ့!"

အရှေ့ကလူလက်ကို အားနဲ့ဖမ်းဆုတ်ရင်း ခပ်ကျယ်ကျယ်ပြောလိုက်သည့်အသံက ဘယ်သူ့ကိုမှဂရုမစိုက်ပုံ။စားသောက်ဆိုင်တစ်ခုလုံး အပ်ကျသံမကြားရအောင်တိတ်ဆိတ်ကာ မျက်လုံးအားလုံးက ထိုစားပွဲက လူသုံးယောက်ဆီမှာ။တစ်ကိုယ်လုံး အထက်အောက် နက်စွေးနေသည့် အဝတ်အစားတို့ချည်းဆင်မြန်းထားတဲ့ ဇမ်းပုံစံက တကယ် လူဆိုးတစ်ယောက်လို။

"မင်း ငါ့ကိုအရှက်လာခွဲနေတာလား ဇမ်း...."

"ဒါကိုအရှက်ခွဲတယ်လို့ခေါ်ရင် ခင်ဗျားရဲ့လင်ဖြစ်တဲ့ကျုပ်ကို ဘာမှမပြောပဲ တစ်ခြားကောင်နဲ့ လာတွေ့နေတာကို ဘယ်လိုခေါ်ရမလဲ....ဖောက်ပြန်တယ်လို့လား"

"ဇမ်း....မင်းစကားပြောတာမမိုက်ရိုင်းနဲ့၊ငါနဲ့ ကိုနေ က ရိုးရိုးသားသား..."

"အဲ့လိုရိုးရိုးသားသားတွေကပဲ ခိုးစားကြတာများတာ..."

ဇမ်း စကားကို ပျစ်ပျစ်နှစ်နှစ်ပြောရင်း ဘယ်သူကိုမှ အားနာခြင်းမရှိဘဲ မျက်နှာကိုမဲ့ရွဲပစ်သည်။ဇမ်း ဆိုတာ ဒီလိုလူပဲဖြစ်သည်။လုပ်ချင်တာလုပ်သည်။ပြောချင်တာပြောသည်။ဘယ်သူ့မျက်နှာမှမထောက်။

"ဇမ်း မင်း..."

ရှက်ရွံ့မှု့နှင့်ဒေါသတို့ကြောင့် ညွှန်းမျက်နှာ ဖြူတစ်လှည့်နီတစ်လှည့်ပြောင်းလဲနေကာ တုန့်ပြန့်စကားကိုပင်ဆိုရန်ခက်ခဲနေ၏။ဒီလိုအရိုင်းအစိုင်းကောင်။

"ပြောစရာစကားတွေရှာမရသေးရင် အေးဆေးတွေးလို့ရတယ်၊လောလောဆယ်တော့ ကျုပ်နဲ့ပြန်လိုက်ခဲ့မဟုတ်ရင် ဒီထက်ပိုဆိုးတာတွေ ဖြစ်သွားလိမ့်မယ်၊ကျုပ်အကြောင်း ခင်ဗျားသိပါတယ်...."

"ငါ့ဘာသာ ပြန်နိုင်တယ်....ငါ့လက်ကိုလွှတ်..."

"ဟား....၊မောင့်ညွှန်းက မောင့်ကို အခုလိုသူစိမ်းရှေ့မှာ ခါးခါးသီးပြနေတာတော့မဟုတ်သေးဘူးနော်"

လက်ကိုဆွဲထားရုံမက လူကိုပါသူ့ရင်ခွင်ထဲရောက်အောင် ဆွဲယူလိုက်တာမို့ ညွှန်းကိုယ်လေးက ဇမ်းရင်ခွင်ထဲမှာ အင့်ကခနဲဖိကပ်သွားရ၏။ဒါနဲ့မပြီးသေး ဇမ်းရဲ့ သန်မာတဲ့လက်တွေကပါ ညွှန်းခါးမှာနွယ်တစ်ပင်လို ရစ်ပတ်နေရင်း ညွှန်းနား,နားကိုတိုးကပ်ကာ လေသံကြားရုံလေးပြောနေသည့်စကားသံကခပ်တိုးတိုးနှင့်အရွတ်ဆန်နေသည်။

You are My BoneWhere stories live. Discover now