Part-10[Uni&Zaw]

29.8K 2K 214
                                    

Unicode

"အကုန်မင်းကြောင့်ချည်းပဲ"

ညွှန်းတကယ်ပင် ဒီအရိုင်းအစိုင်းကောင်ကို အာလူးဘုသီးထအောင်ထုရိုက်ပစ်ချင်လာလေသည်။ ဒီလိုကောင်ကိုမှ ယုံစား
မှောက်မှားမိတဲ့ ညွှန်းကလည်း ငတုံးပင်။

"ဘာပြောတာလဲ"

အရှေ့ကနေ ဘောက်ဆတ်ဆတ်လျှောက်ရင်းအသံခပ်တိုးတိုးလေးနဲ့ဆူပွပွပြောနေနိုင်သူကို ဇမ်းလှမ်းမေးလိုက်တော့ ခြေတောင်ဆောင့်သွားသေးကာ  ဆတ်ခနဲပြန်လှည့်လာရင်း မျက်စောင်းမမြည်သောမျက်လုံးဝံ့ဝံ့လေးတွေနှင့်

"မကြားရင်လည်းပြန်မေးမနေနဲ့လေ"

"မကြားလို့ပြန်မေးနေတာပေါ့၊ကြားရင် ဒီလိုတောင်မနေဘူး"

"မင်းကိုငါကကြောက်ရမှာလား"

ပြောပြီးတာနဲ့ဆတ်ခနဲအရှေ့ကိုပြန်လှည့်သွားတာကြောင့် ဇမ်းအသည်းယားသွားမိကာ မပြေးရုံတမယ်အရှေ့ကလူကိုဆီကိုလျှောက်သွားမိလိုက်ရင်း အနားရောက်တာနဲ့ ထိုလူ့ရဲ့ခါးသိမ်သိမ်လေးကို သူ့လက်တွေနဲ့သိမ်းပွေ့ဖက်ပစ်လိုက်၏။ရုပ်တရပ်မို့ ညွှန်းလန့်သွားကာ ဇမ်းရင်ဘတ်ကိုသူ့လက်တွေနှင့်တွန်းထားလိုကမိသည်။

"ဘာလုပ်တာလဲ လမ်းမကြီးပေါ်မှာ"

"လမ်းမကြီးပေါ်တော့ဘာဖြစ်လဲ ဘယ်သူမှ မှမရှိဘဲ"

"ရှိ‌တော့ရော မင်းကဆင်ခြင်ပြီးဂရုစိုက်နေလို့လား"

"သေချာပေါက်ဂရုမစိုက်ဘူးပေါ့၊ကိုယ့်ဘာသာလုပ်ချင်တာလုပ်မယ် ဘယ်ပတ်ဝန်းကျင်မှဂရုမစိုက်ဘူး"

"အဲ့လိုပြောမယ်ဆိုတာသိသားပဲ"

ညွှန်းကပြောလည်းပြော ဇမ်းရင်ဘတ်ကိုလည်းသူလက်တွေနဲ့တွန်းထိုးဖယ်ပစ်သည်။သို့ပေမယ့် သန်မာလွန်းတဲ့ဇမ်းရဲ့လက်ကနေညွှန်းဘယ်လိုမှမလွတ်နိုင်ဘဲဖြစ်နေ၏။

"စောစောက ဘာပြောတာလဲ"

"တော်တော်သိချင်နေလား အဲ့တာကို"

"အင်း သေမလိုပဲ"

"အဲ့တာဆိုလည်းသေပြလေ သေပြရင်ပြောပြမယ်"

You are My BoneWhere stories live. Discover now