Part-22[Uni&Zaw]

27.1K 2K 284
                                    

Unicode

"ဟင့်....အင့်...အီး...ဟီး...ဟီး...ဟင့်"

နာနာကျင်ကျင်နဲ့ရှိူက်သံလေးက ခပ်တိုးတိုးနဲ့ ပတ်ဝန်းကျင်မှာပဲ့တင်ထပ်နေပေမယ့် ဘယ်သူမှန်းမသိရ။ဇမ်းမျက်ဝန်းတွေဖွင့်လိုက်တာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးက အမှောင်အတိဖြစ်နေကာ ဘယ်နေရာကိုကြည့်ကြည့် အမှောင်ထုတစ်ခုသာ။အမှောင်ထဲမှာ ဇမ်းခပ်စမ်းစမ်းလှမ်းလျှောက်ရင်း မမြင်ရသည့်အမှောင်ထုထဲကို တစ်ခုခုမြင်လို့မြင်ညားစူးစူးစိုက်စိုက်ကြည့်မိ၏။သို့ပေမယ့် ပဲတင်ထပ်နေတဲ့ရှိုက်သံကလွဲရင် ဘာကိုမှမမြင်ရသလို ဘာကိုမှထပ်မကြားရ။

"ဟင့်....အီး...ဟီး...ဟီး"

"ဘယ်သူလဲ...၊ဘယ်သူငိုနေတာလဲ"

ငိုသံကကြားနေရပေမယ့် အကောင်အထည်မမြင်တာကြောင့် ဇမ်းစိတ်မရှည်တော့ပဲ အော်မေးမိလိုက်သည်။ဒါပေမယ့် ဘာတုန့်ပြန်သံမှမလာဘဲ ဇမ်းရဲ့အသံကသာ ဂူတစ်ခုထဲကနေအော်နေသလို အသံလှိုင်းတို့ကပဲ့တင်ထပ်နေ၏။

"ဘယ်သူလဲလို့ မေးနေတယ်လေ"

"အမင်း!"

အသံလေးကတိုးတိုးဆိုမှ တကယ့်ကိုခပ်တိုးတိုးလေး။ပြီးတော့ သူ့ရဲ့မျက်နှာချင်းဆိုင်မှာသူ့ဒူးလေးကိုသူပြန်ပိုက်ကာ မျက်နှာကိုဒူးပေါ်မှောက်ချထားသည့်ကောင်လေး။တဖြည်းဖြည်းနဲ့ မော့လာတဲ့မျက်နှာလေးက သွေးမရှိသလိုဖြူလျှော်နေကာ မျက်ဝန်းအိမ်တွေကမျက်ရည်အဝိုင်းသားနဲ့ညိုးလျနေ၏။ဒါ့အပြင်အရင်က နဖူးပေါ်မှာခပ်အုပ်အုပ်ကျနေသည့်ဆံပင်လေးတွေက အတော်ကို ကျို့တို့ကျဲတဲဖြစ်ကာ ဝတ်ထားသည့်အပြာရောင်ဟူဒီလေးကလည်းအတော်ပင်အရောင်လွင့်ကာ မှုန်မှိုင်းမှိုင်းဖြစ်နေ၏။

"ဟင့်....အမင်း..."

"ရှင်း...၊ရှင်းမလား..."

စိတ်ကဘယ်သူဆိုတာသိလိုက်တာနဲ့ ဇမ်းခန္ဓာကိုယ်က အလိုလို ထိုကောင်လေးဘေးကိုပြေးလွှားသွားဖို့ရာအသင့်ဖြစ်နေခဲ့၏။ဇမ်းနူတ်ကနေအဆက်မပြတ်ခေါ်သလို ရှင်းဆီကိုလည်း အမြန်ဆုံးနူန်းနဲ့ပြေးသွားမိသည်။သို့ပေမယ့် သူက ပြေးသွားလေလေ ရှင်းဆီကိုမရောက်နိုင်လေလေနဲ့ အတော်ကြာမှ ရှင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်ရသည်ဆိုရုံအကွာအဝေးမှာ ဇမ်းမတတ်နိုင်စွာရပ်ပစ်လိုက်မိ၏။မောနေတာကြောင့် ခါးကိုင်းကာ ဒူးပေါ်ကိုလက်တွေတင်တင်ရင်း အမောဖြေနေတဲ့ ဇမ်းကိုရှင်းကကြည့်ရင်း တအိအိနဲ့ငိုပြန်သည်။

You are My BoneWhere stories live. Discover now