94 - Extra : Bloody Fairy Tale (4)

1.5K 307 8
                                    

Unicode

အခန်း - (၉၄) : သွေးစွန်းဒဏ္ဍာရီ (၄)

ချန်ကျစ်ချူး၏ လျှပ်တစ်ပြက်အနမ်းကြောင့် ရေသူထီးအငယ်လေး၏ မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။ လှုပ်စိလှုပ်စိဖြစ်နေသည့် ရေဘဝဲလက်များကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက တုန်ယင်နေပြီး အနှီလက်များက တစ်ချောင်းပြီးတစ်ချောင်း ဆန့်ထွက်လာကာ ရှက်သွေးဖြာနေသည့် မျက်နှာလေးကို ဖုံးကွယ်ကြလေသည်။

“ကျစ်.. ကျစ်ချူး.. ငါ့ကို ဘာလို့နမ်းတာလဲ..?”

ရွှေရောင်ဆံနွယ်ရှင်လေး၏ ကျန်ရေဘဝဲလက်များက ကွေးကောက်နေပြီး အတော်လေး ရှက်ရွံ့နေပုံပေါ်သည်။ ထိုအပြုအမူကြောင့် ချန်ကျစ်ချူးခမျာ ပို၍ပင် အရှက်သည်းလာ၏။ သို့နှင့် လူငယ်လေးကို လွှတ်ပေးမည်အပြု သူ၏လက်ကောက်ဝတ်ကို ရေဘဝဲလက်များက ရစ်ပတ်ထားကြောင်း သတိပြုမိလိုက်သည်။

“မင်းက ငါ့အစ်ကိုကိုနမ်းပြီး အခုလည်း ငါ့ကို နမ်းနေပြန်ပြီ… ငါတို့ မငြင်းဆန်နိုင်ဘူးဆိုတာ မသိလို့လား..?”

လူငယ်လေးက နောက်ဆုံးတော့ အားတင်းကာ ပြောသည်။ မျက်ဝန်းတောက်တောက်များဖြင့် ချန်ကျစ်ချူးအား စိုက်ကြည့်နေသည်မှာ သခင့်ထံတောင်းဆိုနေသည့် ခွေးပေါက်လေးနှယ်။ သူက ချန်ကျစ်ချူး၏ဘေးတွင် ဂရုတစိုက် ဝင်ထိုင်လိုက်သည်။

သူ၏အကြည့်က သန့်ရှင်းဖြူစင်ပြီး မျက်နှာပေါ်မှ ရှက်ရိပ်လည်း ခုထိမပျောက်သေးပေ။ သူက ချန်ကျစ်ချူးကို နူးညံ့စွာ ပြောသည်။

“ငါတို့ပင်လယ်မကောင်းဆိုးဝါးမျိုးနွယ်မှာ ‘အနမ်း’ရဲ့အဓိပ္ပါယ်က မင်းနဲ့ချစ်တင်းနှောဖို့ တစ်ဖက်လူကို တောင်းဆိုတာပဲ.. ကျစ်ချူး.. မင်းက ငါ့အစ်ကိုနဲ့ လက်ထပ်တော့မှာလေ.. ဒါပေမဲ့ ငါ…..”

ထိုစကားပြောနေစဉ်အတွင်း သူ၏ ရေဘဝဲလက်များသည် ချန်ကျစ်ချူး၏ ပခုံးနှင့်ခါးပေါ် ရောက်နေချေပြီ။ အနှီရေဘဝဲလက်များက ချန်ကျစ်ချူးအား တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားပြီး ရွှေရောင်ဆံနွယ်ရှင်လေးက သူ၏လက်ဖြင့် ချန်ကျစ်ချူး၏ အင်္ကျီကြယ်သီးကို ဖြည်းဖြည်းချင်း ဖြုတ်နေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now