60 - Ghost School (14)

1.2K 307 35
                                    

Unicode

အခန်း - (၆၀) : သရဲကျောင်းတော် (၁၄)

“အားလုံးသိထားတဲ့အတိုင်းပဲ.. ဆုလင်းက တိုက်ပေါ်ကနေ ပြုတ်ကျပြီး သေသွားတာပါ..”

ကျောက်ရှောင်ဖန်က သက်ပြင်းယဲ့ယဲ့ချပြီး.. : “စာသင်ဆောင်ရဲ့ ခေါင်မိုးထပ်ကနေ ပြုတ်ကျသွားတာ.. အဲ့တုန်းက ကျွန်တော်တို့လည်း ခေါင်းမိုးထပ်မှာ ရှိနေတယ်.. ပြီးတော့ အဲ့မြင်ကွင်းကို ကိုယ်တိုင် မြင်လိုက်ရပါတယ်..”

“နင်တို့လည်း အဲ့မှာရှိနေတာလား..?” ရှန်ချီချီသည် ဆုလင်းအတွက် အလွန်စိတ်မကောင်းဖြစ်နေပြီး ကျောက်ရှောင်ဖန်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက နီရဲနေလေသည်။ ထို့နောက် မနည်းအားတင်းကာ မေးနေရဟန်ဖြင့် မေးခွန်းထုတ်လာသည်။ “သူ့ကို တွန်းချခဲ့တဲ့လူက နင်တို့လို့တော့ လာမပြောနဲ့နော်..?”

“မဟုတ်တာ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?! ငါတို့လည်း လူမသတ်ရဲပါဘူး..!”

ကျောက်ရှောင်ဖန်က ကမန်းကတန်း ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။ ပြီးနောက် စိုးရိမ်တကြီး ရှင်းပြလာသည်။ “တကယ်ကို မတော်တဆဖြစ်သွားတာပါ.. ဆုလင်းက သူ့ဘာသာ လဲကျသွားတာ.. သူပြုတ်ကျတုန်းက ငါတို့လည်း သူ့ကို လှမ်းဆွဲဖို့လုပ်သေးတယ်.. ဒါပေမဲ့ မျက်စိတစ်မှိတ်စာအတွင်း ဖြစ်သွားတာဆိုတော့..”

“ကျောင်းခေါင်မိုးပေါ်က လက်ရန်းတွေက အရမ်းကြာနေပြီ.. မိုးဒဏ်လေဒဏ်ခံထားရတော့ အရမ်းလည်း ဆွေးမြည့်နေပြီ..”

ချွီယန်၏ မျက်နှာအမူအရာက ခါးသီးနေဟန်ဖြင့်.. “ငါတို့လည်း အဲ့လိုဖြစ်မယ်လို့ လုံးဝမထင်ထားဘူး.. သူက အရမ်း စိတ်လှုပ်ရှားနေတော့ ခြေမခိုင်ဘဲ လက်ရန်းပေါ်ကို လဲကျသွားတယ်.. အဲ့အချိန်မှာ သံတန်းက ရုတ်တရက်ကျိုးပြီး အောက်ပြုတ်ကျသွားတာပဲ..”

“အဲ့တော့.. ဒါက မင်းပြောခဲ့တဲ့ ဆုလင်းကို အနိုင်ကျင့်ပြီး နောင်တရခဲ့တယ်ဆိုတဲ့ ‘နောက်ဆုံးတစ်ကြိမ်’လား..?” ကုကျန်းက မျက်ခုံးပင့်ကာ မေးသည်။

“ဟုတ်.. ဟုတ်ပါတယ်.. တကယ်ကို သတ်ဖို့မရည်ရွယ်ခဲ့ပါဘူး..”

ကျောက်ရှောင်ဖန်၏အသံက ဝမ်းနည်းခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now