21.1 -Abandoned Hospital (5)

2.1K 415 16
                                    

Unicode)qa

အခန်း - (၂၁) : စွန့်ပစ်ဆေးရုံ (၅)

မေးခွန်း : ကျွန်တော်က ယောက်ျားတစ်ယောက်၊ မိန်းမတွေကိုပဲ သဘောကျတာ။ ကျွန်တော့်အပေါ် အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ အဲ့သူငယ်ချင်းက ဂေးတွေကိုမုန်းတဲ့ အချက်ကလွဲရင် တကယ့်ကို ပြီးပြည့်စုံတယ်။ အခု မမျှော်လင့်ဘဲ သူ့ကို နမ်းလိုက်မိလို့။ သူက အစကတည်းက ငါ့ကို ဂေးဆိုပြီး အထင်လွဲနေတာဆိုတော့ မုန်းသွားလောက်ပြီ ထင်တယ်။ ငါ အရမ်းကို နောင်တရမိပါတယ်။ အဲ့တာ သူခွင့်လွှတ်အောင် ဘယ်လိုတောင်းပန်သင့်လဲဟင်..?

အဖြေ : မင်းကိုယ်မင်း သင်းကွပ်လိုက်၊ ဒါမှမဟုတ်လည်း သတ်သေလိုက်။ အဲ့လိုမှမလုပ်ချင်ရင် လိင်ပြောင်းပြီး မင်းရဲ့ သူငယ်ချင်းကို ပျော်ခွင့်ပေးလိုက်တော့။

ပိုင်ရိကို နမ်းလိုက်မိသည့် စက္ကန့်ပိုင်းလေးအတွင်း ချန်ကျစ်ချူးခမျာ ရှော့ရသွားသည့်အပြင် စိတ်ထဲ အတွေးပေါင်းများစွာ ပေါ်လာခဲ့လေ၏။ ထိုအတွေးများကြောင့် စက္ကန့်ပိုင်းလေးက တစ်ကမ္ဘာကြာသွားသလိုပင်။

ယခုလိုအချိန်မျိုးတွင် ပေါက်ကရအတွေးများ တွေးနေမိမည်ဟု သူ့ကိုယ်သူပင် မထင်ထားခဲ့ချေ။ လက်ရှိအခြေအနေ၌ 'သူ ဘယ်သူလဲ၊ သူ ဘယ်မှာလဲ၊ သူ ဘာလုပ်နေတာလဲ၊ ပိုင်ရိကို ဘာလုပ်မိလိုက်တာလဲ..' ဟူ၍ အူတိအူကြောင် ဖြစ်နေပြီး နောက်ဆုံး တွေးလိုက်မိသည်ကား...

ပိုင်ရိ သူ့ကို ကျိန်းသေပေါက် အသေသတ်တော့မှာပဲ..!!!

ချန်ကျစ်ချူးခမျာ 'အထိန်းအကွပ်မဲ့ လှုပ်ရှားမှု'ထဲ ကျရောက်နေသဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးပေ။ ပိတ်ထားသည့် မျက်လုံးကိုပင် မဖွင့်နိုင်သောကြောင့် ပိုင်ရိ၏ မျက်နှာအမူအရာကို မမြင်နိုင်ခဲ့ပေ။ သို့သော် တစ်ဖက်လူက သူ၏ အပြုအမူကို တားဆီးခြင်းမရှိတာတော့ သူ သိသည်။

မဟုတ်မှလွဲရော သူ့ကြောင့် ထိတ်လန့်ပြီး ကျောက်ရုပ်ဖြစ်နေတာနေမယ်..!

စိတ်ထဲ တွေးကြောက်နေမိသဖြင့် ချန်ကျစ်ချူး၏ မျက်နှာက ပုံမှန်ထက် ဖြူဖျော့လာ၏။ ပို၍ကြောက်စရာကောင်းသည်ကား သူ၏ ခန္ဓာကိုယ်က သူ့အလိုဆန္ဒကို ဆန့်ကျင်ပြီး ဆက်နမ်းနေခြင်းပင်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now