83 - Out of Control Photobook (2)

1K 288 38
                                    

Unicode

အခန်း - (၈၃) : အထိန်းအချုပ်မဲ့ Photobook (၂)

ကျိုးလော့ချန်ပဲ.. မကောင်းဆိုးဝါးဝိညာဉ်အဖြစ်နဲ့ ပြန်ရောက်လာပြီး….

သူ့ကို လက်စားချေမလို့လား..?

ပိုင်ရှီရှင်း၏ မျက်နှာအမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။ သူ၏မျက်ဆံက ကျုံ့ဝင်သွားပြီး အတော်လေး ထိတ်လန့်နေသည်။

သရဲတစ်ကောင်မက မြင်ဖူးပြီးသားဖြစ်သော်လည်း သူကိုယ်တိုင်သတ်ခဲ့သည့် ကျိုးလော့ချန်ကို ပြန်မြင်လိုက်ရချိန်မှာတော့ အခြေအနေက မတူတော့ပေ။ ကျိုးလော့ချန်က သူတို့ကို သတ်ရန် ပြန်ရောက်လာခြင်း ဖြစ်နိုင်သည်လေ။

ဒီသရဲကို ဂျူနီယာချန် ဖြေရှင်းနိုင်လောက်မယ်ထင်တယ်..?

ဗီလာထဲရှိ မကောင်းဆိုးဝါးဝိညာဉ်ကို ဖြေရှင်းနိုင်သည့်အပြင် သူ၏ ဝမ်းကွဲအစ်ကိုကိုလည်း ဘေးအန္တရာယ်ကင်းကင်း ပြန်ခေါ်လာနိုင်ခဲ့သော ချန်ကျစ်ချူးအကြောင်း တွေးမိသည်နှင့် ပိုင်ရှီရှင်းလည်း ချက်ချင်း စိတ်တည်ငြိမ်သွားသည်။ ခေါင်းအစခြေအဆုံး တိပ်ပတ်ထားသည့် သရဲကို သတိကြီးကြီးထားပြီး အကဲခတ်ရင်း တစ်ခုခုမူမမှန်တာကို သတိထားမိလာသည်။

တစ်လှမ်းချင်း နောက်ဆုတ်နေသော်လည်း သူနှင့်သရဲကြားမှ အကွာအဝေးသည် သိပ်မဝေးသဖြင့် သူ့ဆီကို ပြေးဝင်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူ့အထင်နှင့်ဆန့်ကျင်စွာ၊ သရဲက ရှေ့မတိုးလာပေ။ ထိုအစား သူ့ကိုမြင်သည်နှင့် အတန်ငယ် နောက်တွန့်သွားပြီး မီးဖိုခန်းထဲ ပြန်ဝင်ကာ ပုန်းနေသည်။

ဒီသရဲက….. ကြောက်နေတာလား..?

ပိုင်ရှီရှင်း၏စိတ်ထဲ ထူးဆန်းနေသလို ခံစားလိုက်ရသည်။

ဧကန္တ သူ့လက်ထဲမှာ သေခဲ့ရလို့ ကျိုးလော့ချန်က သရဲဖြစ်သွားတာတောင် သူ့ကို ကြောက်နေတာလား..? အဲ့လိုဆိုရင် သူ့တို့ကို ဘာလို့လာရှာနေသေးလဲ..?

“………. အစ်ကို..” (ကော..)

သရဲက မီးဖိုးချောင်ထဲ ပြန်ဝင်သွားသဖြင့် ပိုင်ရှီရှင်းလည်း ပိုင်ရိဘက်သို့ လှည့်ကြည့်ကာ ခပ်မြန်မြန် အော်ခေါ်လိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now