41 - Horror Variety (6)

1.4K 346 14
                                    

Unicode

အခန်း - (၄၁) : Horror Variety (6)

ကောင်လေးသည် ငရဲတမျှဆိုးရွားလွန်းသော အနှီမြင်ကွင်းကြောင့် ခုတင်ပေါ်တွင် ဒူးထောက်လျက် မနားတမ်း အော့အန်နေရှာ၏။ သူ၏ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်နေပြီး မျက်ရည်စက်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။ သို့သော် အော်မငိုရဲသဖြင့် အသံတိတ်သာ ရှိုက်ငိုနေရသည်။

ကျိုးလော့ချန်က ကတ်ကြေးတစ်လက်ယူကာ ပုပ်ပွနေသော ကလေးအလောင်းပေါ်မှ နှင်းဆီပန်းတစ်ပွင့်ကို ခူးလိုက်သည်။ ပြီးနောက် အဆူးနှင့်အရွက်များကို ဖယ်ရှားပြီး ကောင်လေး၏လက်ထဲ အသာထည့်ပေးရင်း ညင်သာစွာ ပြောသည်။ : “မင်းနဲ့ တကယ်လိုက်တယ်..”

ကောင်လေးသည် သွေးစွန်းနေသော သေပန်းပွင့်ကို လက်မခံရဲပေ။ လက်ထဲရောက်လာသည်နှင့် ကပျာကယာ လွှင့်ပစ်ပြီး ကြောက်လွန်း၍ ကျုံ့ကျုံ့လေး ဖြစ်သွားသည်။

ကျိုးလော့ချန်က စိတ်ဆိုးဟန်မပြဘဲ ဆက်ပြုံးနေသည်။ သူက ကောင်လေးကို ပွေ့ချီကာ သူ၏ပေါင်ပေါ်တွင် အတင်းအကျပ် ထိုင်စေပြီး ကောင်လေး၏ နှာခေါင်းထိပ်ကို ခပ်ဖွဖွလေး နမ်းသည်။ ပြီးနောက် ပြောလာသည်။

“ဘာလဲ ကြောက်လို့လား..? မစိုးရိမ်ပါနဲ့.. အန်ကယ်က ကျစ်ချူးကို အဲ့လိုမလုပ်ပါဘူး.. မင်းကို ဒီလောက်သဘောကျတာ.. ဘယ်လိုလုပ် အပင်မြေဩဇာဖြစ်အောင် လုပ်ရက်မှာလဲ..?”

“တောင်းပန်ပါတယ်.. တောင်းပန်ပါတယ် အန်ကယ်ကျိုး.. သား မသေချင်ဘူး.. မေမေနဲ့ ဖေဖေ့ကို တွေ့ချင်တယ်.. တောင်းပန်ပါတယ်.. သားကို လွှတ်ပေးပါ..”

ကောင်လေးသည် ကျိုးလော့ချန်၏ လက်မောင်းကြားတွင် သစ်ရွက်လေးလို တုန်ယင်နေရှာ၏။ မျက်နှာက သွေးရောင်ပျောက်နေပြီး မျက်ဝန်းထဲမှ မျက်ရည်စက်များ လိမ့်ကျလာသည်။ သို့သော် မရုန်းရဲသဖြင့် တောင်းပန်နေရုံသာ တတ်နိုင်သည်။

“မဖြစ်နိုင်ဘူး ကျစ်ချူး..”

ကျိုးလော့ချန်က ကောင်လေးကို စိတ်ရှည်လက်ရှည် မျက်ရည်သုတ်ပေးပြီး ခန္ဓာကိုယ်ပေါ်မှ သွေးစက်များကိုလည်း သန့်ရှင်းပေးသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now