67 - Ghost's Bride (3)

1.3K 314 33
                                    

Unicode

အခန်း - (၆၇) : တစ္ဆေသတို့သမီး (၃)

ချန်ကျစ်ချူးသည် ခေါင်းမဲ့သတို့သားကို အတော်ကြာအောင် ကြောင်ကြည့်နေမိ၏။ သူ၏အမူအရာက သိသာလွန်းနေ၍ထင့်၊ သတို့သားမှာ သူ့လည်ပင်းပြတ်သူ ပြန်ကိုင်မိရင်း လက်ပင် သွေးစွန်းသွားရသည်။ သတို့သား၏ ညို့ဓာတ်ပြင်းသော လေသံထဲတွင် ဝမ်းနည်းစိတ်တို့ ရောယှက်နေပြီး..

“တောင်းပန်ပါတယ်.. ကိုယ် မင်းကို ကြောက်အောင်လုပ်မိပြီလား..? တကယ်မရည်ရွယ်ပါဘူး..”

“………”

ချန်ကျစ်ချူးလည်း သတိပြန်ကပ်သွားပြီး သူ၏အရှေ့မှ အမျိုးသားအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ တကယ်ကို ကြောက်ပါသည်။ သို့သော် ယခုလောလောဆယ် ‘Winter Branch’ ကို ပိုကြောက်သည်။ ပုံမှန်အားဖြင့် ဘာမှန်းမသိသည့်အရာက ပိုပြီးကြောက်စရာကောင်းသည် မဟုတ်ပါလား။

ထို့အပြင် သတို့သားအပေါ် ကြောက်စိတ်ထက် သိချင်စိတ်က ပိုများနေသည်။

သတို့သားရဲ့အသံက ဘယ်ကထွက်လာတာလဲ..? နားမလည်နိုင်တော့ဘူး…

“မင်း…” ချန်ကျစ်ချူးက မျက်နှာလွှားဇာပဝါကို လှန်ပြီး ထိုအမျိုးသားအား စိုက်ကြည့်ကာ.. : “ခုနက ခေါင်းပျောက်သွားတယ်လို့ ပြောခဲ့တယ်နော်..?”

“အင်း..”

သတို့သားက ပြန်ဖြေသည်။ မညီမညာ ဖြတ်တောက်ခံထားရသည့် လည်ပင်းပေါ်မှ အသားစများဟာ လှုပ်ယမ်းနေပြီး နောက်ထပ် စကားတစ်ခွန်း ဆက်ပြောလာသည်။ : “ပျောက်သွားတာ ကြာပြီဆိုတော့ ဘယ်နားရောက်သွားလဲမသိဘူး..”

သူက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ဆင်ခြေသေးသေးလေး ထပ်ပေးသည်။ : “မင်းတွေ့တဲ့အတိုင်းပဲ.. လောလောဆယ် ကိုယ့်မှာ ခေါင်းမရှိဘူးဆိုတော့လေ မှတ်ဉာဏ်က သိပ်ကောင်းမှာမဟုတ်ဘူး.. ဒါပေမဲ့ မင်းအပေါ်ထားတဲ့ ခံစားချက်တွေကိုတော့ ဘယ်တော့မှမမေ့ဘူး.. ကိုယ် မင်းကို တကယ်ကြိုက်တာပါ ကျစ်ချူး…”

တော်သင့်ပြီ.. အဲ့ခံစားချက်တွေ မလိုချင်ပါဘူးနော်…

ချန်ကျစ်ချူးက မျက်နှာသေဖြင့် ခပ်မြန်မြန် စကားဖြတ်ပြောလိုက်သည်။ : “ခေါင်းဘယ်မှာရှိလဲ မသိဘူးပေါ့..?”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now