51 - Ghost School (5)

1.5K 331 6
                                    

Unicode

အခန်း - (၅၁) : သရဲကျောင်းတော် (၅)

ကျောက်ရှောင်ဖန်၏ လေသံက တက်ကြွနေပြီး စိတ်လှုပ်ရှားမှုတစ်စွန်းတစ်စ ပါဝင်နေ၏။ ယခုလို အနေအထားမျိုးတွင် သရဲပုံပြင်ပြောရတာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းသည်ဟု ထင်မြင်နေပုံပေါ်သည်။

ချန်ကျစ်ချူးနှင့် ကျန်လူများကလည်း သူ့ကို မတားပေ။ သိပ်မကြာခင် သရဲပေါ်လာမယ်ဆိုတာ ကြိုသိနေပြီးသားဖြစ်၍ Instance ဇာတ်ကောင်ပြောပြသည့် သရဲပုံပြင်အတိုင်း ပေါ်လာမယ်ဆိုတာ 90% ခန့် သေချာနေသည်။ ထို့ကြောင့် ကြိုသိထားလျှင် ကြိုပြီး စိတ်ပြင်ဆင်ထားနိုင်သည်။

“မပြောပါနဲ့လား..” လုကျဲက ခေါင်းခါလိုက်သည်။ သူမ၏ ဖြူစင်ရိုးသားသော မျက်နှာလေးက ရှက်ကိုးရှက်ကန်း ဖြစ်နေဟန်ဖြင့်.. “ငါ သရဲကြောက်တယ်..”

“သရဲပုံပြင်များ.. လူတိုင်း ကြားဖူးပြီးသား မဟုတ်ဘူးလား..?” ရှန်ချီချီက မျက်ခုံးပင့်ကာ စိတ်မဝင်စားဟန်ဖြင့်.. “ကန်တင်းက အရိပ်မည်းကြီးတို့.. ဂီတခန်းထဲက ၁၃ နာရီတို့.. ဟောခန်းမထဲက သွေးခြေရာ.. ဓာတ်ခွဲခန်းထဲက ပုံပျက်ပန်းပျက်ကောင်မလေး.. အဲ့လိုပုံပြင်တွေလေ.. ထပ်တလဲလဲ ကြားရလွန်းလို့ ရိုးတောင်ရိုးနေပြီ..”

“တခြားပုံပြင် ၂ ပုဒ်ရှိသေးတယ်.. မင်းတို့ မကြားဖူးလောက်ဘူး..”

ကျောက်ရှောင်ဖန်က ခေါင်းတယမ်းယမ်းဖြင့် ရေပန်းကို လက်ညှိုးညွှန်ပြကာ..

“တစ်ခုက ဒီရေပန်းနဲ့ ပတ်သက်နေတယ်.. ညနက်သန်းခေါင်ဆိုရင် ရေပန်းထဲက သွေးတွေပန်းထွက်လာပြီး ရေကန်ထဲမှာ သွေးစွန်းနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပေါလောပေါ်လာတယ်တဲ့..”

“အရမ်းဆိုးသွမ်းတဲ့ လူသားစားသရဲကြီးက နေ့ခင်းနေ့လည်ဆိုရင် ရေကန်ထဲမှာ ပုန်းအောင်းနေပြီး ညရောက်တာနဲ့ နိုးလာလိမ့်မယ်.. ပြီးရင် ညကြီးအချိန်မတော် ကျောင်းကိုပြန်လာတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေကို စောင့်နေတတ်တယ်..”

“ရေပန်းအနားကို တစ်ယောက်ယောက် ကပ်လာတာနဲ့ သရဲကြီးက ဆတ်ခနဲ လက်ဆန့်ထုတ်ပြီး အဲ့လူကို ရေကန်ထဲ ဆွဲချ……….”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now