90 - Finale

1.8K 347 136
                                    

Unicode

အခန်း - (၉၀) : ဇာတ်သိမ်း

အခန်းထဲမှထွက်လာပြီး သူ့ကိုကြည့်နေသည့် သရဲကြောင့် ချန်ကျစ်ချူး၏ရင်ထဲ ဝုန်းဒိုင်းကျဲသွားသည်။ နေရခက်စွာ မျက်နှာလွှဲရင်း ချင်ကျိကို စိုက်ကြည့်လိုက်၏။ တစ်ဖက်လူက အပြုံးလေးဖြင့် သူ့ကို ခေါင်းပွတ်ပေးကာ မျက်နှာပေါ်သို့ အနမ်းဖွဖွခြွေပြန်သည်။

“ခင်.. ခင်ဗျား အရင်ဝင်ခဲ့..”

ချန်ကျစ်ချူး၏ မျက်နှာက နီရဲနေချေပြီ။ တခြားလူများ မြင်မည်စိုး၍ ဘေးဘီကို လိပ်ပြာမလုံစွာ လှည့်ကြည့်လိုက်ရင်း ချင်ကျိကို အခန်းထဲသို့ အမြန်ဆွဲသွင်းလိုက်သည်။

အမည်မဲ့သရဲက နောက်မှလိုက်လာသည်။ သူလည်း အခန်းထဲသို့ လိုက်ဝင်ချင်ပုံပင်။ ချန်ကျစ်ချူးသည် ဝိညာဉ်ခွဲနှစ်ခုကို တစ်ပြိုင်နက်တည်း ဖြေရှင်းရန် ခက်ခဲသဖြင့် ဝင်ခွင့်မပြုချင်ပေ။ သို့သော် ပိုင်ရိအငယ်စားလေး၏ အသနားခံနေသော မျက်နှာလေးကြောင့် လက်လျော့ကာ ဝင်ခွင့်ပြုလိုက်ရသည်။

အခန်းထဲရောက်သည်နှင့် စကားပြောရန်ပင် အခွင့်အရေးမရလိုက်၊ ချင်ကျိက အနောက်မှ သိုင်းဖက်လာသည်။ သူ၏ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ရင်း နားရွက်ပေါ်သို့ နွေးထွေးသည့် အထိအတွေ့တစ်ခု ကျရောက်လာသည်။ ချင်ကျိက သူ၏နားရွက်ကို နမ်းရှိုက်နေခြင်းပင်။

“မလုပ်………”

ချန်ကျစ်ချူး၏ နားရွက်လည်း နီရဲလာသည်။ သူ့ကိုဖက်ထားသည့် ချင်ကျိ၏လက်ကို တွန်းဖယ်နေသော်လည်း တစ်ဖက်လူက အားကြီးလွန်း၍ တုတ်တုတ်ပင်မလှုပ်။

ကလူကျီစယ်နေသည့် လူနှစ်ဦးကိုကြည့်ပြီး အမည်မဲ့သရဲ၏ မျက်ဝန်းလှလှလေးများ မည်းမှောင်လာ၏။ သို့သော် တစ်ခဏကြာပြီးနောက် ကောင်လေးက ချန်ကျစ်ချူးရှေ့သို့ လျှောက်လာသည်။ သူ၏ လက်ချောင်းလေးများက မသိမသာ တုန်ယင်နေပြီး ချန်ကျစ်ချူး၏ မျက်နှာကို ထိတွေ့ကာ မေးသည်။

“ကျွန်…. ကျွန်တော် နမ်းလို့ရလားဟင်..?”

ထိုနှစ်ယောက်ကြား ပိတ်မိနေသည့် ချန်ကျစ်ချူးအတွက် ပြေးစရာလမ်းမရှိတော့ပြီ။ မျက်နှာရော၊ နားရွက်ပါ ရဲရဲနီနေပြီး ဘာပြောလို့ပြောရမှန်းမသိ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာကား စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးစုံမှိတ်ထားခြင်းသာ။ နီးကပ်လာသည့် အသက်ရှူငွေ့နွေးနွေးကို ခံစားနေရပြီး နဖူးပေါ်သို့ အနမ်းဖွဖွလေးတစ်ခု ကျရောက်လာသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!On viuen les histories. Descobreix ara