82 - Out of Control Photobook (1)

1.2K 290 40
                                    

Unicode

အခန်း - (၈၂) : အထိန်းအချုပ်မဲ့ Photobook (၁)

ချန်ကျစ်ချူးခမျာ ခါးကိုင်းထားရင်းတန်းလန်း တစ်ကိုယ်လုံး တောင့်ခဲသွားသည်။ မော့ကြည့်လိုက်ချိန်တွင် ရှဲ့ယွမ်ဟွိုင်၏ ပုံရိပ်က သူ၏မျက်ဝန်းအိမ်ထဲ ထင်ဟပ်လာပြီး အနှီဖောက်ထွင်းမြင်ရလုမတတ် ဖြူဖျော့ဖျော့လက်က သူ၏ပါးပြင်ကို ထိတွေ့လာသောအခါ စိမ့်ခနဲ အေးသွားသည်။

(TN : ရှဲ့ယွမ်ဟွိုင်ကို မေ့သွားကြပြီဆိုလို့။ စွန့်ပစ်ဆေးရုံ Arc က ကျစ်ချူးပြန်လာမယ့်အချိန်ကို တစ်ချိန်လုံး စောင့်မျှော်နေခဲ့တဲ့ စိတ်ထားအနူးညံ့ဆုံး Boss ပါနော်။ )

ဘာတွေဖြစ်ကုန်တာလဲ..? ရှဲ့ယွမ်ဟွိုင်က ဘာလို့ ရုတ်တရက်ကြီး Photobook ထဲကနေ ထွက်လာတာလဲ..?!

သူ၏ရင်ထဲ တုန်လှုပ်ချောက်ချားသွား၏။ ကပျာကယာ မတ်တပ်ရပ်ပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သို့သော် မသိစိတ်အရ ပြုမူလိုက်မိသည့် ထိုအပြုအမူလေးကြောင့် ရှဲ့ယွမ်ဟွိုင်၏ မျက်ဝန်းများ မှေးမှိန်သွားရသည်။ ဆန့်ထားသည့်လက်ပင် အသာအောက်ကျသွားပြီး တိုးညင်းစွာ ပြောလာသည်။

“ရှောင်ချူး.. ကိုယ့်ကို….. ကြောက်နေတာလားဟင်..?”

ထိုအမျိုးသားသည် ချောမောခန့်ညားပြီး မျက်ဝန်းအိမ်ထဲတွင် အေးစက်မှုတချို့ ကိန်းဝပ်နေသည်။ အတန်ငယ် ဖောက်ထွင်းမြင်နေရ၍သာ မဟုတ်လျှင် ဆေးရုံထဲမှ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် မကောင်းဆိုးဝါးဝိညာဉ်ဟူ၍ မည်သူမျှ တွေးထင်မည်မဟုတ်ပေ။

သို့သော် အမှန်အတိုင်းဆိုရလျှင် ချန်ကျစ်ချူးသည် ရှဲ့ယွမ်ဟွိုင်အပေါ် လုံးဝကြောက်စိတ်မရှိ။ ရှဲ့ယွမ်ဟွိုင်က သူ့ကို နာကျင်အောင် မလုပ်ခဲ့ဖူးပေ။ ထိုစဉ်က ‘အထိန်းအကွပ်မဲ့လှုပ်ရှားမှု’ထဲ ရောက်နေသဖြင့် သူကိုယ်တိုင်က သတ်ပေးပါရန် စတင်တောင်းဆိုခဲ့သော်လည်း ရှဲ့ယွမ်ဟွိုင်က သူ့ကို မသတ်ခဲ့ပေ။ နူးနူးညံ့ညံ့လေး နမ်းပြီး လွှတ်ပေးခဲ့သည်။

“………….”

ချန်ကျစ်ချူးက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် အသာခေါင်းယမ်းပြလိုက်သည်။ သူ ရှဲ့ယွမ်ဟွိုင်ကို ယုံကြည်သည်။ သူ့ကို နာကျင်အောင် လုပ်မည်မဟုတ်ပေ။ Photobook ထဲမှ ရုတ်တရက်ကြီး ထွက်ပေါ်လာ၍သာ ကြောက်သွားခြင်း ဖြစ်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now