🩰🩰🩰chapter-18🩰🩰🩰

9 1 0
                                    

သူရှေ့ကထွက်လာထွက်လာပေမဲ့နှလုံးသားကတဒိတ်ဒိတ်နှင့်ခုန်နေဆဲ....ငါဘာဖြစ်လို့ဒီလောက်ထိရင်ခုန်သံတွေမြန်ရတာလဲ???ချစ်ခွန်းကစ်....သတိလေးဘာလေးကပ်ပါအုန်း....ကစ်ကိုယ့်ကိုကိုယ်မကျေမနပ်နှင့်ရေရွတ်လိုက်မိ၏။

ကစ်ပြန်အိပ်ဖို့ကြိုးစားပေမဲ့လည်းအိပ်လို့မရတော့ပေ.....သူ့အကြောင်းကိုပဲတွေးနေမိတာခက်သားလားရှင်....

မနက်၉နာရီ.....

ဒေါက်....ဒေါက်ဆိုတဲ့တံခါးခေါက်သံကြောင့်ကစ်အိပ်နေရာကနေနိုးလာတော့တယ်။

ကစ်"ဘယ်သူလဲ???"

ချိုလေး"ငါပါ....တံခါးဖွင့်ပါအုန်း။"

ကစ်အိပ်ယာပေါ်ကဆင်းပြီးတံခါးဖွင့်လိုက်တယ်....

ချိုလေး"နင်ကလည်းအိပ်ယာထနောက်ကျလိုက်တာ....ငါတို့တောင်မနက်စာစားပြီးနေပြီ....ဘယ်လိုဖြစ်လို့အိပ်ယာထနောက်ကျတာလဲ???"

နောက်ကျမှာပေါ့....ညကကောင်းကောင်းမှအိပ်မပျော်တာ....မိုးလင်းခါနီးမှအိပ်ပျော်သွားတာကို....

ကစ်"ဒီလိုပါပဲ....gameဆော့နေတာနှငိ့ညဥ့်နက်သွားတာ။"

ချိုလေး"ဖြစ်ရမယ်....မျက်နှာသစ်သွားတိုက်ပြီးလာခဲ့လေ.....ဧည့်ခန်းထဲကစောင့်နေမယ်။"

ကစ်"အွန်း...."

ကစ်မနက်စာစားပြီးတော့သူငယ်ချင်းတွေနှင့်လျှောက်လည်ဖို့ပြင်ဆင်တော့တယ်....

သွေး"ကိုရှိုင်း....အကိုရောမလိုက်ဘူးလား???ကျွန်တော်တို့နှင့်လိုက်ခဲ့ပါလား???"

ရှိုင်း"လိုက်ချင်ပါတယ်ကွာ.....ဒါပေမဲ့ရောက်တုန်းဒေါ်ဒေါ်နှင့်အတူရှိနေပေးချင်လို့....နောက်ရက်မှလိုက်ခဲ့မယ်လေ...."

သွေး"ဟုတ်ပါပြီဗျာ....အဲ့တာဆိုကျွန်တော်တို့သွားလိုက်အုန်းမယ်....နောက်ရက်ကျလိုက်ခဲ့ရမယ်နော်။"

ရှိုင်း"ကောင်းပါပြီဗျာ....ဂရုစိုက်ပြီးသွားကြနော်။"

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

သူမလိုက်ဘူးဆိုတော့ကစ်ရင်ထဲတခုခုလိုနေသလိုခံစားရတယ်....ကစ်ကိုကစ်နားမလည်နိုင်တော့ဘူး....အခုရက်ပိုင်းထူးထူးခြားခြားရှိုင်းကိုချောတယ်လို့မြင်လာတယ်.....

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now