🩰🩰🩰chapter-9🩰🩰🩰

9 2 0
                                    

       တနေ့ကစ်companyမှာတဖက်နိုင်ငံကရှယ်ယာရှင်တွေနှင့်meetingလုပ်ရင်းအိမ်ပြန်နောက်ကျခဲ့တယ်....companyကအပြန်မှာကားတစီးကကစ်ကားကိုအရှိန်ပြင်းပြင်းနှင့်၀င်တိုက်မိတယ်။

    တောက်.....စည်းမရှိကမ်းမရှိနှင့်ကားကိုဘယ်လိုမောင်းမှန်းမသိဘူး....ကြည့်စမ်းနှဖူးတောင်ကွဲသွားပြီ.....ကစ်နဖူးကိုစမ်းကြည့်လိုက်တော့သွေးအနည်းငယ်ထွက်နေတာကိုစမ်းမိတော့ဒေါသကငယ်ထိပ်ထိဆောင့်တတ်သွားတယ်။

     ကစ်ကား​နောက်ဖုံးထဲက​ဘေ့စ်​ဘောရိုက်တံထုတ်ယူလိုက်ပြီးကားထဲကနေထွက်ကာတဖက်ကားမှန်ကို​ခေါက်လိုက်သည်။ကစ်ကားမှန်​ခေါက်လိုက်​တော့ကားထဲက​နေလူငယ်၃​ယောက်ထွက်လာခဲ့၏....သူတို့နားမှာအရက်နံ့​တွေကလည်း​ထောင်းခနဲပဲ....လူ​တွေကလည်းယိုင်ထိုး​နေတာ....​တော်​တော်စိတ်ပျက်ဖို့ကောင်းတဲ့သူပဲ။

"Wow!!!ဒီ​ကောင်မ​လေး​တော်​တော်လန်းတာပဲ....ချစ်စရာ​လေး။"

"ဟုတ်ပါ့ကွာ....လုံး၀အမိုက်စားပဲ။"

"ဟိတ်....​ကောင်မ​လေး...အကိုတို့နှင့်လိုက်ခဲ့​လေ....မင်း​လေးကို​ကောင်း​ကောင်းပြုစု​ပေးမယ်။"

     ​ပြောရင်းဆိုရင်းနှင့်ကစ်ရဲ့​လက်ကိုဆွဲဖို့လက်လှမ်းလာ​တော့တယ်....ကစ်လည်း​ဘေ့စ်​​ဘောရိုက်တံနှင့်အဲ့လက်ကိုရိုက်ချလိုက်တယ်။

ကစ်"ရာရာစစ....ငါ့အသားကိုထိဖို့ကြံ​နေတယ်​ပေါ့...ထွက်သွားကြစမ်း....အသားမမာချင်ရင်။"

"​တောက်...."

ဟိုလူ​တွေ​တော်​တော်​ဒေါသထွက်သွားပြီးကစ်ကိုဝိုင်းကာဆွဲ​ခေါ်ဖို့လုပ်ပါ​လေ​ရော.....

     ကျွန်​တော်ရန်ကုန်ကအ​ဖေ့အသိတယောက်နှင့်စီးပွား​ရေားကိစ္စ​ပြော​နေ​တော့အပြန်နည်းနည်း​​နောက်ကျသွားတယ်.....ကျွန်​တော်ကား​​မောင်း​ကောင်​လေး၃​ယောက်က​ကောင်မ​လေး၁​ယောက်ကို​နှောင့်ယှက်​နေတာကိုမထင်မှတ်ပဲ​တွေ့လိုက်ရတယ်.......

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

​ဟင်....အဲ့...အဲ့ဒါချာတိတ်မလား???ဒုက္ခပါပဲကွာ....ကျွန်​တော်ကားရပ်လိုက်ပြီးချာတိတ်ဆီအမြန်​ပြေးသွားလိုက်တယ်.....ကြည့်လိုက်​တော့​ကောင်​လေး၃​ယောက်​ခေါင်း​​တွေကကွဲ​နေပြီး​သွေး​တွေစီးကျ​နေပြီးလက်ကျိုးတဲ့သူကကျိုး၊​ခြေကျိုးတဲ့သူကကျိုး​​နေကြတယ်။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now