🩰🩰🩰chapter-6🩰🩰🩰

9 1 0
                                    

ကစ်"daddy....သမီးပြန်ရောက်ပြီ။"

ဦးမင်းအောင်"အေး...အေး...ညစာစားပြီးပြီးလား???"

ကစ်"စားပြီးပြီ....daddyရဲ့....သွေးနှင့်အပြင်မှာစားခဲ့တယ်။daddyအခုထိမနားသေးပဲဘာတွေလုပ်နေတာလဲ???"

ဦးမင်းအောင်"companyစာရင်းချုပ်တွေချုပ်နေတာ....သမီးရဲ့။"

ကစ်"သမီးလုပ်ပေးမယ်....daddy....daddyနားလိုက်။"

ဦးမင်းအောင်"သမီးရယ်....နားလိုက်ပါ....ခရီးကလည်းပန်းလာတဲ့ဟာကို။daddyလုပ်နိုင်ပါတယ်ကွယ်။"

ကစ်"ပေးပါ....daddy....သမီးအတွက်ဒီအလုပ်လောက်ကအပန်းမကြီးပါဘူး....daddyနားလိုက်တော့။"

ကစ်daddyရဲ့laptopနှင့်ဖိုင်တွေကိုယူကာအခန်းဆီပဲတန်းသွားလိုက်တယ်.....

     ရေမိုးချိုးညအိပ်၀တ်စုံလဲပြီးdaddyရဲ့စာရင်းတွေကိုကူလုပ်ပေးလိုက်တယ်.....စာရင်းတွေကိုအမှားမရှိအောင်သေသေချာချာလုပ်နေရတာပေါ့ရှင်....

၁နာရီလောက်ကြာအောင်ပြီးတော့ရေဆာလာတာနှင့်ရေသောက်ဖို့ကစ်အောက်ထပ်ကိုဆင်းလာခဲ့တယ်.....ရေခဲသေတ္တာထဲကရေဘူးပိုထုတ်ပြီးဖန်ခွက်ထဲသို့ဌဲ့ကာရေအေးအေးလေးသောက်လိုက်သည်။

     ရေသောက်လို့ပြီးသည်နှင့်မီးဖိုခန်းထဲကပြန်ထွက်လိုက်တဲ့အချိန်ထမင်းစားပွဲကိုခလုတ်တိုက်ကာချော်လဲမလိုဖြစ်သွားတော့သည်.....သို့ပေမဲ့တစုံတယောက်ကကစ်လဲမကျအောင်ဖမ်းပေးလိုက်တာကြောင့်ကစ်အောင်သို့လဲကျမသွားပေ။

     ဟူး.....တော်သေးလို့....နို့မို့ဆိုကြမ်းပြင်နှင့်မျက်နှာနှင့်hello/hiဟုတ်နေလောက်ပြီ။ကစ်မော့ကြည့်လိုက်တော့ရှိုင်းဆိုတဲ့သူဖြစ်နေတယ်။ကျစ်....ဘယ်လိုဖြစ်လို့သူဖြစ်နေတာလဲ???

ကစ်"လွှတ်....ကစ်ကိုလွှတ်ပေး...."

ကစ်သူ့ကိုအတင်းတွန်းထုတ်ပြီးသူရှေ့ကနေပြေးထွက်လာလိုက်တော့တယ်။

     ကျွန်တော့်ရင်ခွင်ထဲရောက်လာသည့်ကစ်လေးကကလေးလေးတယောက်လိုချစ်ဖို့ကောင်းပြီးဖြူစင်လွန်းတယ်.....ညအိပ်ဂါ၀န်လေးနှင့်လှပလွန်းနေသည့်သူမလေးကြောင့်နှလုံးသားလှုတ်ခတ်သွားတော့သည်။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now