🩰🩰🩰chapter-2🩰🩰🩰

19 1 0
                                    

       အဲ့ဒီလိုဖြစ်ပြီးနောက်ပိုင်းdaddyကကစ်ကိုအခုလိုဆုံးမတော့တယ်.....

ဦးမင်းအောင်"သမီးလေး.....daddyကသမီးလေးကိုနွေးထွေးတဲ့မိသားစုလေးရအောင်နောက်အိမ်ထောင်ထူထောင်လိုက်မိတာdaddyသိပ်မှားသွားတယ်....daddyအမှားတွေပါကွယ်။"

daddyပြောရင်းမျက်ရည်တွေစီးကျလာလာတော့တယ်......

ကစ်"ငိုပါနှင့်daddyရယ်.....daddyအပြစ်မှမဟုတ်တာ....သမီးအတွက်daddyရှိနေရင်သမီးပျော်ပါတယ်....အဖေရဲ့။"

ဦးမင်းအောင်"လိမ္မာလိုက်တဲ့သမီးလေး....."

daddyကကစ်ကိုရင်ခွင်ထဲထည့်ကာဖက်ထားလိုက်တော့၏....

ဦးမင်းအောင်"သမီး....daddyပြောတာသေချာနားထောင်....မေမေကသမီးကိုကိုယ်လက်အင်္ဂါအပြည့်အစုံနှင့်မွေးပေးခဲ့တာ.....သူများတွေမှာခြေ၂ဖက်လက်၂ဖက်ရှိသလိုသမီးမှာလည်းခြေ၂ဖက်လက်ရှိတယ်မလား???"

ကစ်"ဟုတ်...."

ဦးမင်းအောင်"သူလည်းခြေ၂ဖက်လက်၂ဖက်၊သမီးမှာလည်းခြေ၂ဖက်လက်၂ဖက်.....ဘယ်သူ့ကိုမှငါ့သမီးကြောက်စရာမလိုဘူး....ငါ့သမီးနောက်မှာdaddyတယောက်လုံးရှိတယ်.....ဘယ်သူအနိုင်ကျင့်တာမှသမီးမခံနှင့်....ဘယ်သူပဲဖြစ်ဖြစ်သမီးကို၁ချက်လာရိုက်ရင်သမီးက၂ချက်ပြန်ရိုက်နိုင်တဲ့သူဖြစ်ပါလိမ့်စေ....daddyပြောတာတွေမှတ်ထားနော်....သမီး။"

ကစ်"ဟုတ်ကဲ့.....daddy။"

daddyကြောင့်ကစ်အရာရာကိုရင်ဆိုင်တုံ့ပြန်ရဲတဲ့သတ္တိတွေရှိလာတော့တယ်.....daddyကစ်ရဲ့မီးအိမ်ရှင်ပါ။

      ကစ်ကအခုဆို၈တန်းရောက်နေပြီလေ.....အချိန်တွေကကုန်တာမြန်တယ်မလား???ကစ်သူငယ်ချင်းအိချိုဇင်၀င်းနှင့်သွေးခန့်တို့ရောက်နေတယ်လေ....သူငယ်ချင်းတွေနှင့်စာလုပ်နေတုန်းအခန်းထဲကိုဒေါ်ခင်ချို၀င်လာခဲ့တယ်။

ဒေါ်ခင်ချို"ဟဲ့....မိကစ်....ငါ့ကိုအအေးသွား၀ယ်ပေးစမ်း.....ငါ့သမီးကအအေးသောက်ချင်နေလို့....အေးတာလေး၀ယ်ခဲ့နော်။"

ပြောရင်းကစ်ဆီကိုပိုက်ဆံလှမ်းပစ်ပေးလိုက်တယ်.....ကစ်သိတာပေါ့....ကစ်ကိုသူငယ်ချင်းတွေရှေ့မှာအရှက်ကွဲအောင်တမင်လုပ်နေတာလေ။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now