🩰🩰🩰chapter-1🩰🩰🩰

80 1 0
                                    

တို့နာမည်ချစ်ခွန်းကစ်.....အားလုံးကကစ်လို့ခေါ်တယ်တို့mommyကတော့တို့ကိုမွေးရင်းဆုံးသွားခဲ့ပြီ....တို့daddyဦးမင်းအောင်ကပဲတို့ကိုအဖေအဖြစ်ရော၊အမေအဖြစ်ရောစောင့်ရှောက်ပေးခဲ့တယ်။

      ကစ်ကdisney princessထဲကcinderellaမင်းသမီးလေးနှင့်တူတယ်......cinderellaနှင့်တူတယ်ဆိုလို့storyထဲကcinderellaလိုတော့ကစ်ကတုံးအနေတဲ့သူတော့မဟုတ်ဘူး.....ကစ်မှာအရာရာကိုတုံ့ပြန်ရင်ဆိုင်ရဲတဲ့သတ္တိအပြည့်ပဲ။

တပင်လဲတော့နောက်တပင်ထူဆိုတဲ့စကားအတိုင်းတို့အသက်၁၀နှစ်မှာdaddyကဒေါ်ခင်ချိုဆိုတဲ့အမျိုးသမီးနှင့်နောက်အိမ်ထောင်ထူထောင်ခဲ့တယ်လေ။daddyအခုလိုလုပ်တာတို့အတွက်လည်းအများကြီးပါတယ်ဆိုတာတို့နားလည်တယ်။

ဒေါ်ခင်ချိုမှာတို့ထက်၃နှစ်ငယ်တဲ့ထိပ်တင်ထားဆိုတဲ့သမီးတယောက်လည်းပါတယ်....daddyစိတ်ချမ်းသာအောင်ကစ်အတတ်နိုင်ဆုံးသူတို့နှင့်လိုက်ရောညီထွေဖြစ်အောင်နေခဲ့ပါတယ်....ဒေါ်ခင်ချိုကိုမိခင်တယောက်လိုဆက်ဆံခဲ့ပြီးထိပ်တင်ထားကိုလည်းညီမလေးတယောက်လိုသဘောထားခဲ့တယ်။

ဒါပေမဲ့ဒေါ်ခင်ချိုကကစ်ဆိုတဲ့တို့ရဲ့အမေဖြစ်ဖို့မထိုက်တန်သလိုထိပ်တင်ထားကလည်းတို့ရဲ့ညီမလည်းတသက်လုံးဖြစ်မလာနိုင်ဘူးဆိုတာကစ်သိလိုက်တယ်။

တနေ့မှာကစ်မေမေ၀ယ်ထားတဲ့ဘာဘီအရုပ်လေးနှင့်အတူအခန်းထဲမှာတယောက်တည်းဆော့နေခဲ့တယ်....မေမေနောက်ဆုံး၀ယ်ပေးခဲ့တဲ့အဲ့အရုပ်လေးကိုကစ်အခြားအရုပ်တွေထက်ပိုပြီးနှစ်သက်သလိုတန်ဖိုးလည်းထားခဲ့တယ်....အဲ့အရုပ်လေးကိုညအိပ်တိုင်းဖက်ပြီးမှကစ်အိပ်လေ့ရှိတာ။

ကစ်ဘာဘီအရုပ်လေးနှင့်ဆော့နေတုန်းထိပ်တင်ထားကရောက်လာပြီးကစ်ကိုအဲ့အရုပ်တောင်းပါလေရော.....

ထိပ်တင်ထား"မမ...မီးမီးကိုအဲ့အရုပ်လေးပေးပါလား???မီးမီးအဲ့အရုပ်လိုချင်လို့။"

ကစ်"ဒီအရုပ်လေးကပေးလို့မရဘူး.....ညီမလေးရဲ့။မမအရမ်းကြိုက်တဲ့အရုပ်လေးမို့ပါ....အခြားအရုပ်ယူလေ....ညီမလေး။"

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မOnde histórias criam vida. Descubra agora