🩰🩰🩰chapter-4🩰🩰🩰

10 1 0
                                    

ဦးမင်းအောင်"သမီး....ဒါကdaddyမိတ်ဆွေရဲ့သားရှိုင်းမာန်တဲ့.....မိုးကုတ်ကလေ....ဒီမှာလုပ်ငန်းလုပ်ဖို့ရောက်နေတာ။မောင်ရှိုင်းမာန်....ဒါကuncleရဲ့သမီးကစ်တဲ့....."

ရှိုင်းမာန်"ဟုတ်ကဲ့....တွေ့ရတာ၀မ်းသာပါတယ်နော်။"

ကစ်မသိချင်ယောင်ဆောင်ပြီးမျက်နှာလွှဲလိုက်တယ်။

ဦးမင်းအောင်"သမီး....."

ကစ်"အွန်း.....me too။daddy....အန်တီမိုးရော...."

အန်တီမိုးဆိုတာကစ်တို့အိမ်ရဲ့အိမ်တော်ထိန်းလေ....ကစ်ရဲ့အသက်ကိုဒေါ်ခင်ချိုဆီကကယ်ခဲ့ဖူးတဲ့သူဆိုလည်းဟုတ်တယ်။

ဒေါ်ခင်ချို"ဈေးသွားတယ်....သမီးရဲ့။"

ကစ်"ရှင့်ကိုမေးတာမဟုတ်ဘူး.....ဒေါ်ခင်ချို။"

ဦးမင်းအောင်"ဧည့်သည်အတွက်နေ့လည်စာချက်ဖို့ဈေးသွား၀ယ်တယ်....သမီးရဲ့....ပြန်လာတော့မှာပါ။"

ဒီကောင်မလေးကအန်တီချိုကိုပြောတာဆိုတာရိုင်းလိုက်တာ....တကယ့်အရိုင်းအစိုင်းလေးပဲ.....ရှိုင်းတယောက်ကစ်ဆိုတဲ့ကောင်မလေးကိုကြည့်ပြီးစိတ်ထဲကနေကဲ့ရဲ့လိုက်၏။

ကစ်"ဟုတ်လား???သမီးကအန်တီမိုးနှင့်နှင်းလေးအတွက်လက်ဆောင်၀ယ်လာတဲ့ဟာကို။နောက်မှပဲပေးလိုက်ပါ့မယ်။"

ဦးမင်းအောင်"daddyအတွက်ကျမပါဘူးလား???"

ကစ်"ပါတာပေါ့....daddyရဲ့....daddyအတွက်ရှယ်၀ယ်လာတယ်။"

သွေး"ကစ်...."

ကစ်"ဟယ်...သွေးရောက်လာပြီလား???"

မတွေ့ရတာကြာပြီဖြစ်တဲ့သွေးကိုကစ်ဖက်လိုက်တယ်....

ကစ်"daddy....သမီးကိုcardလေးပေးလိုက်အုန်း....သွေးနှင့်shoppingထွက်မလို့။"

ဦးမင်းအောင်"ရော့....သမီး....စောစောတော့ပြန်လာခဲ့နော်။"

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

ကစ်"စိတ်ချ....daddy....သွေး....ရော့....နင့်အတွက်လက်ဆောင်။ဒါနှင့်ချိုလေးရော....သူ့ကိုလည်းလက်ဆောင်ပေးချင်တယ်။"

သွေး"ချိုလေးကမရှိဘူးဟ....အလုပ်ကိစ္စနှင့်ဂျပန်ရောက်နေတယ်.....တလလောက်ကြာမယ်လို့ပြောတယ်....ပြန်ရောက်မှနင်ကိုယ်တိုင်ပေးလိုက်ပေါ့....ဒါငါအရမ်းလိုချင်နေတဲ့rolex watchပဲ....ငါ၀ယ်မလို့ပိုက်ဆံစုနေတာ....နင်ငါလိုချင်နေတာဘယ်လိုသိလဲ???"

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now