🩰🩰🩰chapter-15🩰🩰🩰

8 1 0
                                    

     ကစ်ချိုလေးနှင့်တညလုံးစကားပြော၊k dramaကြည့်ရင်းနှင့်အချိန်ကုန်ခဲ့တော့တယ်.....တညလုံးမအိပ်လိုက်ရပဲအချိန်ကုန်သွားခဲ့ရ၏။

ချိုလေး"ကစ်....ငါနင့်ကိုမေးရအုန်းမယ်....ငါတို့ကကားနှစ်စီးထွက်မှာဆိုတော့ဘယ်လိုစီးကြမှာလဲ???"

ကစ်"ဟုတ်သားပဲ....ငါ့အဲ့တာမတွေးမိဘူး....ငါတို့၃ယောက်တစီးစီးပြီးရှိုင်းမာန်ကိုတယောက်တည်းထားခဲ့လို့ဘယ်ဖြစ်ပါ့မလဲ???"

ချိုလေး"ဘယ်လိုလုပ်ဖြစ်မှာလဲ???ဒီလိုလုပ်ဖို့ပဲရှိတယ်....နင်သူနှင့်အတူစီးလိုက်။"

ကစ်"ဟာ!!!မစီးချင်ပါဘူးဟာ...."

ချိုလေး"နင်ပဲစဥ်းစားကြည့်....ငါကအခုမှသူ့ကိုမြင်ဖူးတာ....သူနှင့်ဘယ်လိုစီးလို့ဖြစ်မှာလဲ???သွေးနှင့်သူနှင့်ကိုအတူစီးခိုင်းတော့လည်းစိတ်အခန့်မသင့်လို့ရန်ဖြစ်ရင်ဘယ်လိုလုပ်မှာလဲ???ပြီးတော့တကယ်လို့ငါတို့တွေခရီးသွားရင်းလမ်းမှာလမ်းပျောက်သွားခဲ့ရင်ငါတို့မိန်းကလေး၂ယောက်တည်းဘယ်လိုလုပ်မှာလဲ???"

ကစ်"အဲ့တာလည်းဟုတ်တာပဲ???အဲ့လိုဖြစ်ခဲ့ရင်လည်းငါတို့မိန်းကလေး၂ယောက်တည်းအန္တရာယ်များလွန်းတယ်။"

ချိုလေး"ငါ့အထင်တော့နင်ရှိုင်းမာန်နှင့်လိုက်စီးလိုက်တာအကောင်းဆုံးလို့ထင်တယ်....နင်လိုက်စီးလို့လည်းဘာမှဖြစ်တာမှမဟုတ်တာ..သူလည်းနင်အိမ်မှာနေ နေတာပဲလေ....သူ့ကားနင်လိုက်စီးခွင့်ရှိတာပဲလေ။"

ကစ်"အေးပါ....ငါသူနှင့်လိုက်စီးလိုက်မယ်။"

    အဲ့လိုနှင့်ကစ်ရှိုင်းမာန်နှင့်ကားအတူလိုက်စီးဖြစ်သွားတာပေါ့....ကစ်တို့၅နာရီလောက်အိမ်ကထွက်လာခဲ့ကြတယ်....

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

ရှိုင်း"ကစ်....မင်းအေးနေလား???air conပိတ်လိုက်မယ်လေ။"

ကစ်"အွန်း...အေးတယ်။"

ကျွန်တော်air conပိတ်ပေးလိုက်သည်.....သူမနှင့်၂ယောက်တည်းကားတစီးထဲမှာအတူတူစီးရတော့စိတ်ထဲမှာတမျိုးကြီးပဲ....လက်ဖျားခြေဖျားတွေအေးစက်နေတယ်လို့ကျွန်တော်ခံစားရတယ်....ဘယ်လိုခံစားချက်ကြီးမှန်းကိုမသိပါဘူး။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now