🩰🩰🩰chapter-8🩰🩰🩰

38 2 0
                                    

    ကျွန်​တော်ထားထားကိုအများကြီးနှစ်သိမ့်​ပေးလိုက်တယ်....ထားစိတ်​ပြေသွား​​တော့မှကျွန်​တော်လည်းအပြင်ထွက်ဖို့ပြင်လိုက်တယ်....ဒီ​​​နေ့ကျွန်​တော်​မြေကွက်ကိစ္စချိန်းထားတယ်​လေ....​မြေ​နေရာကြိုက်လို့က​တော့တခါတည်းပိုက်ဆံ​ချေဖို့ပါစိတ်ကူးထားတယ်။

​ဒေါ်မိုး"သမီး....ဘယ်သွားမလို့လဲ???"

ကစ်"ဘယ်မှမသွားပါဘူး....အန်တီရဲ့....​သွေး​ပေးထားတဲ့ကားကိုဟိုနားဒီနား​လျှောက်​မောင်းကြည့်မလို့။"

​ဒေါ်မိုး"ဘာမှမစား​တော့ဘူးလား???အန်တီကသမီးကြိုက်တာ​တွေကိုရှယ်ချက်ထားတာ။"

ကစ်"သမီးပြန်လာစားမှာပါ....ဟိုနားဒီနားခဏပဲပတ်မောင်းမှာ...."

​ဒေါ်မိုး"​အင်း....အဲ့တာဆို​ဒေါ်လေးစောင့်နေမယ်နော်။"

ကစ်"ဟုတ်...."

ကစ်ကားသော့လှမ်းယူလိုက်စဥ်ခေါင်းပေါ်တင်ထားသည့်နေကုမျက်မှန်ကအောက်သို့လျှောကျသွားလေသည်။ကစ်ကောက်မလို့ကုန်းလိုက်သည်....အဲ့အချိန်ရှိုင်းကကစ်ရဲ့မျက်မှန်ကိုအရင်ကောက်လိုက်ပြီးကစ်ကိုပေး၏။

    သူနှင့်ဘာဆိုင်လို့ငါ့မျက်မှန်ကိုထိတာလဲ???ကစ်သူ့လက်ထဲကမျက်မှန်ပိုဆတ်ခနဲဆွဲယူကာအိမ်ပြင်ကိုချက်ချင်းပင်ထွက်လာလိုက်တယ်....အိမ်မှာနေရတာလည်းပိုပိုပြီးစိတ်ညစ်ဖို့ကောင်းလာတယ်....daddyကြောင့်သာသည်းခံနေတာ။

ကျွန်တော့်ထွက်ခွာသွားသည့်သူမကိုကြည့်ရင်းခေါင်းသာခါယမ်းနေလိုက်မိတော့သည်။ကျွန်တော်ချိန်းထားသည့်နေရာကိုတန်းပဲထွက်လာလိုက်သည်.....မြေနေရာလိုက်ကြည့်လိုက်တော့ကျွန်တော်သိပ်မကြိုက်ပေ....ကျဥါးပြီးတော့အတွင်းထဲဖြစ်နေတာကြောင့်companyဖွင့်ဖို့သိပ်အတင်မပြေပေ....အဲ့တာနှင့်ကျွန်တော်အန်တီခင်တို့အိမ်ပဲပြန်လာလိုက်တယ်။

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

    အိမ်ရောက်တော့အန်တီခင်ကကျွန်တော့်ကိုနေ့လည်စာတခါတည်း၀င်စားဖို့ပြောတာနှင့်ကျွန်တော်လည်းတခါတည်း၀င်စားလိုက်တော့တယ်။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မحيث تعيش القصص. اكتشف الآن