🩰🩰🩰chapter-5🩰🩰🩰

43 0 0
                                    

သွေး"သူငယ်ချင်း....နင်ဗိုက်အရင်ဖြည့်မလား???shoppingအရင်ထွက်မလား???ငါဘယ်ကိုအရင်မောင်းရမလဲ???"

ကစ်"ဗိုက်အရင်ဖြည့်မှာပေါ့ဟ....ငါမြန်မာ့အစားအစာတွေလွမ်းနေတာ.....ငါမုန့်ဟင်းခါးပူပူလေးနှင့်မြန်မာအသုပ်စားချင်တယ်ဟာ။"

သွေး"ok!!!အခုချက်ချင်းငါ့လိုက်ပို့ပေးမယ်။ငါစားနေကျဆိုင်ခေါ်သွားမယ်....အခုရက်ပိုင်းငါလည်းအပြင်ထွက်စားတာများတော့ဆိုင်ကောင်းတော်တော်များများကိုသိနေပြီ။"

ကစ်"ဟွန်....နင်ကဘာလို့အပြင်စာထွက်စားနေတာလဲ....အန်တီကထမင်းဟင်းချက်မကျွေးလို့လား???"

သွေး"အဲ့လိုတော့မဟုတ်ဘူး....ငါကအိမ်မှာမှမရှိတာ....mommyချက်ထားတဲ့ထမင်းဟင်းကိုငါကဘယ်လိုစားလို့ရမှာလဲ???"

ကစ်"ဟင်....နင်ကအိမ်ပေါ်ကဆင်းလာတယ်လို့ဆိုလိုချင်တာလား???"

သွေးကခေါင်းငြိမ့်ပြသည်......

ကစ်"ကဲ....ပြောပါအုန်း....အိမ်ပေါ်ကဆင်းလာရတဲ့အကြောင်းအရင်းလေး???uncleနှင့်ရန်ဖြစ်လာလို့လား???"

သွေး"အင်း.....အဲ့လိုပြောလို့လည်းရတယ်....fatherကြီးကသူနှင့်လုပ်ငန်းပါတနာရဲ့သမီးနှင့်ငါ့ကိုjoinနေတယ်....ငါထက်၅နှစ်တောင်ကြီးတယ်....သူကပါရဂူဘွဲ့ရပြီးပြန်ရောက်လာတော့သူ့ကိုယ်ပိုင်ဆေးရုံကိုဦးစီးဦးဆောင်လုပ်နေတယ်....ပြောရရင်တော့doctorမမပေါ့ဟာ။"

ကစ်"အင်း....အရည်အချင်းအပိုင်းကတော့ရှယ်ပဲ....ချောရောချောလား???"

သွေး"ချောတော့ချောပါတယ်.....၀တ်မှုန်ရွှေရည်တို့၊ခင်၀င့်ဝါတို့နှင့်နင်လား၊ငါလားပဲ။"

ကစ်"wow!!!အဲ့တာဆိုမင်းသမီးရုပ်ရည်ပေါ့။"

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

သွေး"တော်စမ်းပါဟာ...ငါကတော့သဘောမကျပါဘူး....ငါ့မျက်စိထဲမှာနင့်တ၀က်လောက်တောင်မမှီဘူး။ပြီးတော့ငါကတခါမှမတွေ့ဖူးတဲ့မိန်းကလေးကိုလက်ထပ်ရမှလား???ငါ့အသက်ကအခုမှငယ်ငယ်လေးရှိသေးတယ်....ပညာသင်ပြီးလို့အလုပ်အခြေတကျရှိရုံရှိသေး.....လက်ထပ်လိုက်တော့ငါ့လူငယ်ဘ၀မှာဘယ်ပျော်လိုက်ရတော့မှာလဲ???"

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now