🩰🩰🩰chapter-17🩰🩰🩰

12 1 0
                                    

ရှိုင်း"ဒေါ်ဒေါ်...."

ကျွန်တော်ဒေါ်ဒေါ့်ကိုတွေ့တာနှင့်ပြေး၍ဖက်လိုက်၏....

ဒေါ်တင်ဆွေ"သား....အမလေး....တို့တူငယ်လေးကိုတောင်မတွေ့ရတာအတော်ကြာနေပြီ....အဒေါ်လည်းသားတို့ဆီပြေးလာချင်ပေမဲ့ဇေယျာကြောင့်မလာနိုင်ဘူးကွယ်။"

ရှိုင်း"သားလာမှာပေါ့....ဒေါ်ဒေါ်ရဲ့...ဒေါ်ဒေါ်ဒါကသားသူငယ်ချင်းတွေ....သူကချစ်ခွန်းကစ်၊သူ့ဘေးကအိချိုဇင်၀င်း...ကျွန်တော့်ဘေးကတော့သွေးခန့်တဲ့။"

သွေး၊ကစ်၊ချိုလေး"ဟုတ်ကဲ့....တွေ့ရတာ၀မ်းသာပါတယ်"

ဒေါ်တင်ဆွေ"အေးပါကွယ်....တူလေးရဲ့သူငယ်ချင်းတွေဆိုတော့ဒေါ်လေးရဲ့သားသမီးတွေပဲပေါ့...သားတို့သမီးတို့ဒေါ်လေးအိမ်ကိုကို့အိမ်ကို့ယာလိုသဘောထားပြီးပျော်သလိုနေ...ဘာမှအားနာစရာမလိုဘူး။"

ကစ်"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင့်။"

ဒေါ်တင်ဆွေ"နွဲ့နွဲ့ရေ....ကလေးတွေကိုအခန်းလိုက်ပြလိုက်ပါအုန်းကွယ်။"

နွဲ့နွဲ့"ဟုတ်ကဲ့...."

ကစ်တို့နွဲ့နွဲ့ဆိုတဲ့ကောင်မလေးလိုက်ပို့တဲ့အခန်းမှာပစ္စည့်တွေနေရာချပြီးရေမိုးချိုးလိုက်တယ်.....

ရှိုင်း"ဒေါ်ဒေါ်....မီးဖိုခန်းထဲမှာဘာတွေအလုပ်ရှုပ်နေတာလဲ???"

ဒေါ်တင်ဆွေ"သားနှင့်သားသူငယ်ချင်းတွေအတွက်ဒေါ်ဒေါ်ကိုယ်တိုင်ညစာချက်ပြုတ်နေတာ။"

ရှိုင်း"ဒေါ်ဒေါ်ရယ်...ကျန်းမာရေးကောင်းခါစပဲရှိသေးတာကို....ဘာလို့ပင်ပန်းခံတာလဲ...နွဲ့နွဲ့ကိုချက်ခိုင်းလဲရရဲ့သားနှင့်။"

ဒေါ်တင်ဆွေ"ကို့တူလေးတခါတလေလာလည်တာဒေါ်ဒေါ်ကိုယ်တိုင်ချက်ကျွေးချင်တာပေါ့....ပြီးတော့သားသူငယ်ချင်းတွေကိုလည်းအဒေါ့်လက်ရာနှင့်ဧည့်ခံချင်လို့ချက်လိုက်တာ။သားသူငယ်ချင်းတွေရေချိုးပြီးပြီလားသွားကြည့်လိုက်အုန်း....ပြီးရင်ညစာအတူတူစားကြမယ်။"

ရှိုင်း"ဟုတ်ကဲ့....."

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now