Part - 79 [Uni&Zaw]

Start from the beginning
                                    

"ကျေးဇူးတင်ပါတယ် ဦးလေး....၊နောက်ထပ်ရက်နည်းနည်းလေးထပ်ကြာအုန်းမှာမို့ အဲ့အတွက်ပါ ကြိုကျေးဇူးတင်ပြီး အားနာပါရစေ"

"ဟား....ဟား....၊ရပါတယ်ကွာ...၊မင်းတို့သာနေချင်ရင် ၁လလည်းရတယ်၊၁နှစ်ဆိုလည်းဖြစ်တယ်....၊မင်းတို့နှစ်ယောက်လောက်ကတော့ အေးအေးဆေးဆေးနေနိုင်အောင်ထားနိုင်ပါတယ်ကွ"

"ကျေးဇူးပါ ဦးလေး"

ဇမ်း အပြုံးတွေလေးလေးနက်နက်ဖြစ်ထွန်းကာ ကျေးဇူးတင်စကားဆိုမိတော့ ဦးဆလိုင်းက ဇမ်းနဲ့ညွှန်းရဲ့ ပခုံးတို့ကို တစ်လှည့်စီတစ်ဖျတ်ဖျတ်ပုတ်ကာ ထွက်သွားလေသည်။

"အိပ်ချင်ပြီလား"

ဇမ်းက ညွှန်းကိုမေးရင်း ညွှန်းလက်လေးကိုဆွဲကာ ကုတင်ပေါ်မှာထိုင်စေသည်။ညွှန်းက ခေါင်းကိုခပ်ဖြေးဖြေးခါရင်း.....၊

"အိပ်ယာအပြောင်းအလဲဆိုတော့ တော်တော်နဲ့တောင်အိပ်ပျော်ပါ့မလားမသိဘူး....၊ဒီကအရမ်းအေးတယ်နော်"

ညွှန်းက အခန်းပတ်ပတ်လည်ကိုမျက်စိကစားရင်း ဇမ်းကိုပြန်လှည့်ကြည့်သည်။ဇမ်းက ကုတင်ပေါ်တောင်ကျောချပြီးသည်။

"အင်း....၊"

ဇမ်းက အင်းကို သံရှည်ဆွဲပြောရင်း လှဲနေလျက်သားနဲ့လက်တစ်ဖက်နဲ့ ညွှန်းလက်ကိုလှမ်းဆွဲကာ သူ့ဘေးမှာလှဲစေသည်။ထို့နောက်.....၊

"အဲ့ကြောင့် ခင်ဗျားလည်း ကျုပ်ရင်ခွင်ထဲမှာနေသင့်တယ်"

"ဇမ်း...၊သူများအိမ်မှာ"

"သူများအိမ်ဘာဖြစ်လို့လဲ....၊ကျုပ်တို့ကလင်မယားတွေပဲဟာ"

"ဇမ်း....မင်းနော်"

ညွှန်းက ပြောမရဘူးလားဆိုသည့် ပုံစံလေးနဲ့ ဇမ်းရက်ဘတ်ကိုခပ်နာနာထုပလိုက်တော့ ဇမ်းက အသံတိတ်မျက်နှာမော့ရယ်သည်။လှုပ်ခတ်သွားတဲ့လည်စလုတ်နဲ့အတူ ခပ်မော့မော့အနေအထားနဲ့မြက်ရသည့် ဇမ်းပုံစံ စွဲမက်ဖွယ်‌ကောင်းတဲ့ယောကျ်ားတစ်ယောက်၏ ဥပဓိရုပ်ရည်အပြည့်။

"နွေးလား"

ဇမ်းက ညွှန်းကိုယ်လေးကိုတိုးဖက်ထား နားသယ်စလေးကို ခပ်ဖွဖွနမ်းရင်းမေး၏။

You are My BoneWhere stories live. Discover now