U+Z
"ဓိရာဇ်"
"ဘာလဲ သူရလာမှ ပေါက်မယ်"
"အခုပေါက်။ ညထဲက သေးမပေါက်ပဲနေတာ"
"အခုပေါက်ချင်ရအောင် ပေါက်မယ့်သူက ခင်များလား ကျုပ်လား"
အခန်းထဲမှာနှစ်ယောက်ထဲရှိလို့ပဲတော်တော့သည်။ မနက်မိုးလင်းသည်နှင့် ဒီနေ့က အခွင့်ကောင်းယူကာ သဘတ်ကိုရေစွတ်ပြီး မျက်နှာသစ်ပေး၏။ အခုတော့ ဆီးဘူးယူလာပြီး ဆီးသွားဖို့ပြောနေတာဖြစ်ပြီး ဓိရာဇ်က မသွားပဲပေတေနေ၏။
"မင်း အခုပေါက်မလား။ မပေါက်ရင် ငါချုပ်လုပ်မှာနော်"
ဓိရာဇ် မျက်ခုံးတွေကျုတ်ပြီးကြည့်လိုက်သည်။ ချုပ်ပြီးသေးပေါက်ခိုင်းရအောင် ဒီနေ့မင်းလွင်က ဘာဖြစ်နေတာလဲမသိ။ ပြောနေရင်းနဲ့ပင် ဆီးဘူးကြီးအနားယူလာကာ သူ့ဘောင်းဘီကိုလက်လှမ်းလာ၏။
"ဘာလုပ်တာလဲ"
အာ့!
လှမ်းလာတဲ့လက်ကိုသတိမထားပဲ ပုတ်ထုတ်လိုက်တာဖြစ်ပြီး ပုတ်ဖို့လုပ်လိုက်တဲ့လက်က ခါးထိထားတဲ့ဘက်ဖြစ်ကားအားစိုက်လိုက်တာကြောင့် ဒဏ်ရာက နာသွားတော့၏။
"တွေ့လား ကိုယ်ပြောပါတယ်။ ငြိမ်ငြိမ်နေ"
"ဒီနေ့မင်းလွင်!"
"မင်း သွားချင်နေပြီ ဒီမှာကြည့်အုန်း အဟွန်း"
ဆေးရုံမှာဖြစ်ပြီး ဆေးရုံဝတ်စုံနဲ့ဖြစ်ကာ အတွင်းခံလဲမရှိ။ သားရေကြိုးပျော့ပျော့က အောက်ကျသွားပြီး သူ့တစ်ခုတည်းသောအရှက်က ပေါ်နေတော့၏။ ဒီနေ့မင်းလွင်ဆီမှာ အရှက်လုံးဝမရှိတော့ပေ။ သူ့အရာကိုကြည့်ပြီး ပြုံးလိုက်သေးတာဖြစ်သည်။ ပြီးတာနဲ့ ဆီးဘူးယူပြီးတော့ပေးတော့၏။ မတတ်နိုင် ဒီလောက်အထိရောက်နေမှာတော့ ချုပ်မထားတော့ပဲ ဆီးသွားလိုက်ရတော့သည်။
"နေအုန်း လော့ချလိုက်အုန်းမယ်"
ဆီးဘူးနဲ့ထိုအတိုင်းထားခဲ့ကာ တံခါးလော့သွားချသေးသည့် ဒီနေ့။ ပြန်လာတဲ့အချိန်မှာတော့ ဆီးဘူးကစောင်အောင်ရောက်နေ၏။ ပြီးသည်နှင့် ဓိရာဇ်စောင်အောက်မှ ဆီးဘူးကိုထုတ်ယူလိုက်တော့ ဒီနေ့ကဆက်ကနဲယူသွားကာ အဖုံးဖုံးလိုက်ပြီး toilet ထဲသွားထားလိုက်၏။ ပြန်လာတော့ အိပ်ချင်ယောင်ဆောင်တော့မယ့်သူကိုကြည့်ကာ ဒီနေ့ ပြုံးမိသည်။ တစ်နေရာက ပြန်မကျသေးပဲ မောက်နေသည်မဟုတ်လား။