Part 30

2K 178 6
                                    

U+Z

ထင်သလိုပဲ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ဥက္ကဌဦးမြင့်စိန်ကို ဦးတည်ပြီးအမှုတစ်ခုကတက်လာ၏။ ထိုအမှုကိုရဲမင်းကြီး ဦးဇော်မြင့်ဆီမရောက်ခင် ဒီနေ့လက်ထဲကိုရောက်လာတာကြောင့် အမှုအသွားအလာကိုကြည့်၍ သက်သေမခိုင်လုံဘူးဟု ဆိုကာအမှုအကိုပယ်ချလိုက်၏။ ဘာကြောင့်ပယ်ချလဲဆိုတဲ့အချက်အလက်ပါ ဒီနေ့မှတ်ချက်ပါ ရေပေးလိုက်သည်။

"ဒီကောင် ငါတို့ကိုပညာပြနေတာလား"

လူသေမှုဖြစ်ပြီး သက်ဆိုင်ရာတာဝန်ယူထားတဲ့ အရာရှိတချို့က ဒေါသထွက်ကြသည်။ အမှန်တော့ သူတို့တွေကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဦးမြင့်စိန်နဲ့ငြိထားတာရှိတာကြောင့် ဦးမြင့်စိန်ကို တစ်ခါထဲ ဖြုတ်ချချင်တာဖြစ်သည်။ သို့ပေမယ့် ဒီနေ့ လက်ထဲမှာတင်ထိုအမှုက ပြတ်ကျသွား၏။ ဒီနေ့မင်းလွင် ကိုလည်းသူတို့မသိတာမဟုတ်။ မှုခင်းရဲအရာရှိက‌နေ ဘယ်လိုဘယ်အကြောင်းကြောင့် ပင်မရုံးချုပ်ကြီးကိုရောက်သွားလဲမသိပဲ အခုသူတို့ကို ပညာပြနေသည်လို့မြင်သည်။

သူတို့အဖွဲ့နှင့် ဒီနေ့တို့အဖွဲ့လည်း နည်းနည်း ကတောက်ကဆဖြစ်ထားတာရှိတာကြောင့် အပေါ်ကိုရောက်သွားတဲ့ ဒီနေ့က သူ့တို့ကိုပညာပြနေတာလို့ ထင်နေတာဖြစ်သည်။

"ဘာတဲ့ လက်ဗွေရာ ဝေဝါးနေတဲ့အပြင် သက်သေမခိုင်လုံလို့ အမှုကိုပယ်ချတယ် ဟုတ်လား"

ပယ်ချခံရတဲ့စာရွက်မှာ ရေးပေးလိုက်တာကိုဖတ်ပြီး မကျေနပ်နေတဲ့ အမှုကိုလိုက်နေတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ။

"ထင်းခွေမကြုံ ရေခပ်ကြုံပေါ့ကွာ။ ဦးမြင့်စိန်ရော ဒီနေ့မင်းလွင်ရော ထပ်တွေ့အုန်းမှာပါ"

မကျေနပ်တာကြောင့် သူတို့ခေါင်းဆောင်က ကြုံးဝါးသည်။ ဦးမြင့်စိန် တာဝန်ယူထားတဲ့ ဌာနခြံဝန်းထဲမှာ လူသေမှုဖြစ်ပါတယ်ဆိုတာကို ဖမ်းဆီးခွင့်မပေးပဲ စစ်ဆေးခွင့်မပေးပဲ အမှုကိုပယ်ချလိုက်တာ။ သူ့ဌာနခြံဝန်းထဲမှာဖြစ်ပါတယ်ဆို သူနဲ့တော့ ဘယ်လိုဖြစ်ဖြစ်သက်ဆိုင်မှာမဟုတ်ဘူးလား။ ဒါကို ဖမ်းဆီးစစ်ဆေးခွင့်ကိုပယ်ချလိုက်တယ်ဆိုတာကြောင့် သူတို့လုံးဝကျေနပ်မှုမရှိပေ။

D-Day [Complete]Where stories live. Discover now