Part 32

1.9K 168 22
                                    

U+Z

မင်းသန့်လက်ကအရိုးအက်သွားတာဖြစ်ပြီး ကျောက်ပတ်တီးကိုင်ထားရကာ ဓိရာဇ်ကတော့ အထူးကြပ်မတ်ဆောင်မှာရှိနေသည်။ ကပ်သီလေးကယ်တင်လိုက်နိုင်တာလို့ပြောလို့ရ၏။ ဓါးက အူကိုအဖျားခက်သွားပြီး လက်ကတော့ ချုပ်ရိုး ၁၀ ချက်နီးပါးချုပ်လိုက်ရသည်။ လက်ဖဝါးအလယ်တည့်တည့်မှာ အက်ကြောင်းရာကြီးက အထင်းသားရှိနေတော့မှာဖြစ်ပြီးလက်ချောင်းအတွင်းပိုင်းမှာပဲ ဓါးကိုဆုပ်ကိုင်ထားရတာကြောင့် ပြတ်ရှရာတွေရှိနေသည်။ လက်ရှိမှာတော့ လက်ဖဝါးမှလက်ကောက်ဝတ်အထိ ပတ်တီးဖြူဖြူပတ်ထားပြီး ဗိုက်တစ်နေရာမှာပါ ပတ်တီးပတ်ကာ ဆေးတွေသွင်းထားရသည်။ သတိလည်မလာသေးပဲဖြစ်နေကာ သူရပိုင်လည်း ရောက်နေပြီဖြစ်သည်။ မင်းသန့်ကတော့ ကုတင်မှာမှေးနေကာ ဘေးနားမှာ မိုးလွင့်ဝေရှိ၏။

"သတိရလာပြီ!"

သူတို့အပြင်ကနေကြည့်နေရတာဖြစ်ပြီး ဓိရာဇ်မျက်လုံးကိုမီးနှင့်ထိုးကာ စမ်းသပ်နေသည်။ ထို့နောက် ကုတင်ကိုတွန်းလာတာကြောင့် စိတ်ချရတဲ့အခြေအနေဖြစ်သွားပြီဆိုတာကို သူတို့သိလိုက်၏။ ခွဲခန်းဝင်ပြီး နာရီတော်တော်ကြာမှ သတိရလာတာဖြစ်ကာ လက်ရှိမှာတော့ မနက် ၄ နာရီထိုးနေပြီဖြစ်သည်။ သူတို့အားလုံး ဘယ်သူ့ကိုမှအကြောင်းမကြားရသေးပေ။ သူရကတော့ စခန်းမှာ ဝေလုကို အချုပ်ခန်းထဲထည့်ထားပြီး အထူးစောင့်ကြည့်ရန် တာဝန်ရှိသူကိုမှာထားခဲ့သည်။ ဒီလူ တစ်ခုခုဖြစ်ရင်လည်း စောင့်ကြည့်သူမှာ တာဝန်ရှိကြောင်း ဘယ်လိုအပြစ်ကျမလဲဆိုတဲ့အကြောင်းပါ သေချာပြောခဲ့လိုက်ကာ ဦးဝင်းညီကိုတော့ စာပို့ထား၏။

"ဘာမှမဖြစ်သွားတာ ကံကောင်း!"

မိုးလွင့်က သူရပိုင်ဘေးကိုလာရပ်ကာ ဓိရာဇ်ကိုကြည့်ပြီးပြောသည်။ လက်ရှိမှာတော့ ဓိရာဇ်က ဆေးရှိန်နှင့်ပြန်အိပ်ပျော်သွားပြီဖြစ်၏။

"မင်းသန့်ကိုလဲ ဂရုစိုက်။ မင်္ဂလာဆောင်ကာနီး ဘာမှမဖြစ်တာအကောင်းဆုံးပဲ။ နောက်ရက်တော့ အဖွဲ့မှူးကိုခွင့်တောင်းပြီး မင်္ဂလာမဆောင်ခင်အထိ နားခိုင်းထားမှဖြစ်မယ်ထင်တယ်"

D-Day [Complete]Where stories live. Discover now