Part 1

10.4K 347 29
                                    

U+Z

အကြီးပိုင်းလူကြီးတွေပါဝင်ဆွေးနွေးနေကြတဲ့ ထိပ်သီးအစည်းအဝေးခန်းထဲက အသံကိုပြင်ပက ဘာမှမကြားရသလို မနက် ၂ နာရီထိုးတဲ့အထိ အစည်းအဝေး လုပ်နေကြပေမယ့် တစ်ယောက်မှပြင်ပကို ထွက်လာချင်းမရှိသေးပေ။ အစည်းအဝေးခန်း တံခါးမကြီးရဲ့ဘေးတစ်ဖက်တစ်ချပ်ဆီမှာ လက်သီးဆုပ်ပြီး လက်နှစ်ဖက်ယှက်ကာ ယိမ်းယိုင်ချင်းမရှိ၊ လှုပ်ရှားချင်းမရှိပဲ ငြိမ်သက်ကာစောင့်နေတဲ့အစောင့်နှစ်ယောက်ရှိသည်။ သူတို့ရဲ့နားတွေမှာလဲ earpiece တွေရှိပြီး မျက်မှန်အမဲတွေကိုတပ်ဆင်ထားပြီး suit ကိုလည်းဝတ်ထား၏။ ရှေ့မှာထိုင်နေတဲ့ စားပွဲစက်တီမှာဆိုရင် ဝန်ထမ်းအမျိုးသမီးတစ်ယောက်ရှိကာ ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေ၏။ ဘေးနားမှာတော့ စားပွဲမှာမတ်မတ်ထိုင်နေတဲ့ မိန်းကလေးတစ်ယောက် ရှိနေကာ တစ်ဖက်ကအမျိုးသမီးရဲ့ ညွှန်ကြားချက်တွေကို PC တစ်လုံးနဲ့ သေသေချာချာလိုက်လုပ်နေ၏။ မိနစ်အနည်းငယ်ကြာချိန်မှာတော့ ဘေးနားက printer ကနေ စာရွက်တစ်ရက်က ထွက်လာတော့သည်။ ထိုစာရွက်ကို မိန်းကလေးကယူလိုက်ပြီး ဘေးနားမှာထိုင်ကာ အလုပ်ရှုပ်နေတဲ့ အမျိုးသမီးဆီ လက်ဆင့်ကမ်းလိုက်၏။

"Fax တစ်ဆောင်ဝင်လိမ့်မယ်"

ထိုစကားကိုအမျိုးသမီးဆီက ကြားတာနဲ့ မိန်ကလေးက နေရာမှထကာ fax ဝင်မှာကိုချက်ချင်းပင် သွားစောင့်ယူလိုက်၏။ ခဏကြာတော့ fax ဝင်လာတော့၏။ Fax နဲ့ဝင်လာတဲ့စာရတာနဲ့ အမျိုးသမီးကယူလိုက်ကာ laptop ပေါ်တင်ပြီး အစည်းအဝေးခန်းထဲကိုဝင်သွားတော့၏။ အမျိုးသမီး အထဲရောက်သွားတာနဲ့ အစောင့်နှစ်ယောက်က တံခါးကိုချက်ချင်းပြန်ပိတ်လိုက်တော့သည်။ အမျိုးသမီးက ရုံးတက် suit ကို သေသပ်စွာဝတ်ဆင်ထားသည်။ စကပ်အနက်က ဒူးအောက်အနေအထားမှာရှိပြီး ရှပ်အင်္ကျီလက်ရှည်အပေါ်မှာ ကုတ်အနက်ကိုသေသပ်စွာဝတ်ဆင်ထားပြီး ပုခုံးကျော်ဆံပင်တွေက သေသေသပ်သပ်ဖြစ်သည်။ အထဲမှာရှိတဲ့ တာဝန်ရှိသူတွေအားလုံးကလည်း formal suit ကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြ၏။

"ရပြီလား"

"ဝင်လာပါပြီ"

ထိုင်ခံတွေရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ အသက် ၅၀ ကျော် ၆၀ နီးပါးရှိတဲ့ အသံဩဇာအပြည့်နဲ့ လူကြီးတစ်ယောက်ဆီမှ အမေးစကားကြောင့် ဝင်လာတဲ့အမျိုးသမီးက ချက်ချင်းပင် ယူလာတဲ့စာရွက်ကိုတရိုတသေ သွားပေးလိုက်ကာ နောက်နံရံနားက ခုံမှာဝင်ထိုင်လိုက်ကာ ပြောကြားချက်တွေကို ချရေးဖို့အသင့်အနေအထားဖြစ်နေ၏။

D-Day [Complete]Where stories live. Discover now