Part 2

3.5K 215 8
                                    

U+Z

"ဒီနေ့ လူသစ်ဝင်မယ်လို့ ပြောတဲ့ ခေါင်းဆောင်"

"အင်း"

"ကျွန်တော်တို့အဖွဲ့ထဲကို ဘာဖြစ်လို့ထည့်တာလဲမသိဘူး"

"ထားလိုက်ပါ အချိန်တန် ပြန်မယ့်လူတွေ ဘာမှမဖြစ်ဘူး"

ဒီနေ့မင်းလွင် သူတို့အဖွဲ့ကိုလူသစ်ရောက်မယ်ဆိုတာကို စိတ်မဝင်စားနိုင်။ ပြီးခဲ့တဲ့ အမှုတွဲကို တင်ပြချက်ရေးပြီး အထက်ကိုတင်ရအုန်းမှာဖြစ်သည်။ ဒီနေ့မင်းလွင်ရဲ့အဖေကလည်း အရည်အချင်းရှိတဲ့ ရဲ တစ်ယောက်ဖြစ်ခဲ့ပြီးအခု‌တော့အငြိမ်းစားယူနေ၏။ အမေဆိုရင်လည်း အိမ်မှုကိစ္စနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူတို့အိမ်စီးပွားရေးက သူတို့လုပ်တဲ့အလုပ်ပေါ်မူတည်မနေပဲ အိမ်စီးပွားရေးသီးသန့်ရှိသည်။ ဒါကြောင့်လည်း အဖေကအချိန်တစ်ခုပြီးတော့ အနားယူပြီး အဖိုးအဖွားတွေရဲ့စီးပွားရေးကို ဦးစီးပေးနေရတာဖြစ်သည်။ ဒီနေ့မင်းလွင် ကတော့ အဖေတူဖြစ်ပြီး ရဲအရာရှိလုပ်ရတာကို ကြိုက်သည်။

"ပြီးပြီ"

ပြီးပြီဆိုတာနဲ့ ဘေးနားက printer ကနေ စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်ထွက်လာတော့သည်။

"မင်းသန့် သွားတင်လိုက်ကွာ"

"ဟုတ်ကဲ့ ဆရာ"

သူတို့အဖွဲ့ထဲမှာ မင်းသန့်ကအငယ်ဆုံးဖြစ်ပြီး ဒီနေ့မင်းလွင်ကိုဆရာလို့ခေါ်တာဖြစ်သည်။ သူတို့အားလုံး အသက် ၃၀ မကျော်သေးပေ။ ဒီနေ့မင်းလွင်က သူတို့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး သူတို့အဖွဲ့က ၄ ယောက်ရှိသည်။ တစ်ယောက်ကတော့ မိန်းကလေးဖြစ်ပြီး နာမည်က မိုးလွင့်ဝေ ဖြစ်သည်။ မိုးလွင့်ဝေနဲ့မင်းသန့်နဲ့ သူတို့အဖွဲ့ထဲဝင်တာ သိပ်မကြာသေးပဲ မိုးလွင့်ဝေက နည်းနည်းစောဝင်လာတာဖြစ်သည်။ မင်းသန့်က သူ့ဆရာပေးလိုက်တဲ့ဖိုင်ကို အဖွဲ့မှူးဆီသွားပို့တော့၏။ ထိုစဉ် သူတို့စခန်းကိုဖုန်းဝင်လာတော့၏။

(ရဲစခန်းရလား ဒီမှာ လူသေအလောင်းတွေ့လို့)

တစ်ဖက်က တိုတိုတုတ်တုတ်ပြောတာကို မိုးလွင့်ဝေ လိပ်စာကိုပဲခပ်မြန်မြန်မေးလိုက်ရသည်။ ပြီးတာနဲ့လိုအပ်တာတွေယူကာ လူသေအလောင်းတွေ့တဲ့နေရာကို အလျင်အမြန်မောင်းထွက်သွားကြတော့သည်။ အခင်းဖြစ်ပွားရာ နေရာရောက်တော့ ခပ်လှမ်းလှမ်းမှာလူတွေအုံနေတာကြောင့် သူတို့အဖွဲ့ လူတွေကိုချဲကာ DO NOT CROSS ဆိုတဲ့စာနဲ့အတူ အဝါရောင်တိပ်တွေနဲ့တားလိုက်ရတော့သည်။ ခဏကြာတော့ မှုခင်းအဖွဲ့ကပါရောက်လာပြီး ဓါတ်ပုံတွေရိုက်ယူလိုက်၏။ ဒီနေ့ လက်အိတ်စွပ်ကာ သေဆုံးနေလျှက်ရှိတဲ့ အမျိုးသမီးအလောင်းကို အနီးကပ်ကြည့်လိုက်သည်။ သေဆုံးနေတဲ့နေရာက ရေကန်ဘေးနားမှာဖြစ်ပြီး အမျိုးသမီးက ရေကန်စပ်မှာဖြစ်ပြီး အသားအရည်က ပျာချင်နေတဲ့ဘက်ကိုရောက်နေ၏။ ဒီနေ့ အလောင်းရဲ့ဦးခေါင်းကို မလိုက်ပြီးငုံ့ကြည့်လိုက်၏။

D-Day [Complete]Where stories live. Discover now