Part 3

2.3K 177 12
                                    

U+Z

အိပ်ရာထလာတဲ့သူ့မျက်နှာက မှုန်ကုတ်ကုတ်ဖြစ်နေသည်။ သူ့ အိပ်မက်ထဲမှာ ဘာဖြစ်လို့ ဒီယောရာဇာဓိရာဇ်က ပါဝင်လာတာလဲ။ အိပ်မက်ကိုသဘောမကျပြီး မှုတ်ကုတ်ကုတ်ဖြစ်နေတဲ့သူက ခေါင်းထဲကအတွေးတွေကိုဖယ်ထုတ်ပြီး ရေချိုးကာ မပြီးပြတ်သေးပဲတရားခံဖော်ရမယ့်အမှုကြောင့် မြန်မြန်သွားဖို့လုပ်လိုက်သည်။

"သား မနက်စာ လာစား"

မနက်စာမစားပဲထွက်သွားမှာဆိုးလို့ စောင့်နေတဲ့မေမေ။ သူ့ကိုလွှတ်သွားမှာဆိုးလို့ အမိဖမ်းလို့ရအောင် ထိုင်ကိုစောင့်နေတာ။

ဒီနေ့ မေမေ့ကိုကြည့်ပြီးရယ်လိုက်ကာ မလွတ်တော့ဘူးဆိုတာသိလိုက်တာကြောင့် မေမေအသင့်လုပ်ပေးထားတဲ့ မနက်စာကိုဝင်စားလိုက်သည်။

"အလုပ်လုပ်တာလဲလုပ်ပေါ့။ ကျန်းမာရေးလဲဂရုစိုက်အုန်း။ မေမေ့သားပိန်နေသလိုပဲ"

"မေမေသာ ကျန်းမာရေးကိုဂရုစိုက် ဟုတ်ပြီလား။ မေမေတို့ ကျန်းမာနေရင် ကျွန်တော်ကျန်းမာနေသလိုပဲ"

"ဒီအပြောတွေနဲ့လုပ်စားနေတာ ဒီနေ့မင်းလွင် အသက် ၃၀ ဖြစ်နေပြီ"

ဒီနေ့ မေမေ့အပြောကြောင့်သဘောကျပြီးရယ်မိတော့သည်။

"သွားပြီမေမေ တစ်ခုခုဆို ဖုန်းဆက်ဖို့မမေ့နဲ့နော်"

"အေးပါ သိပါတယ်"

ဒီနေ့အတွက်က သားတစ်ယောက်ထဲဖြစ်သလို ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရတဲ့ သူလည်းဖြစ်သည်။ မိဘတွေက သားဖြစ်တဲ့ဒီနေ့အတွက် ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရဖို့ အများဆုံးပံ့ပိုးပေးသည်။ ဒါကြောင့်လဲ ဒီနေ့က နောက်ကြောင်းမတင်းပဲ ကိုယ်လုပ်ချင်တဲ့အလုပ်ကို အာရုံစိုက်နိုင်တာ။

ဒီနေ့ ရုံးရောက်တော့ ဓိရာဇ်က ရောက်နေပြီဖြစ်ကာ သူ့အတွက်ဆိုတဲ့ခုံမှာထိုင်နေပြီး မျက်လုံးကအောက်စိုက်ထားပြီး လက်ထဲကဖုန်းကိုကြည့်နေသည်။ ဓိရာဇ်အကြောင်းကို ဘယ်လောက်တောင်သိချင်နေလို့ ဆိုတော့သူ့အိပ်မက်ထဲကိုထည့်မက်တာကိုပဲကြည့်။

"ဘာထူးလဲ  သူရ"

"သေဆုံးသူရဲ့ မိဘတွေကိုဆက်သွယ်ပြီးပါပြီ အစ်ကို"

D-Day [Complete]On viuen les histories. Descobreix ara