Part 31

1.7K 148 8
                                    

U+Z

တစ်ပတ်နီးပါးပျော်ခဲ့ရပြီးပြီဆိုတော့ အလုပ်ကိုအချိန်မှီပြန်တက်နိုင်အောင် တစ်ရက်ကြိုပြီးပြန်ခဲ့ရသည်။ ဒီနေ့တစ်ယောက်‌ တစ်ဝကြီးပျော်ခဲ့ရပေမယ့် ခွဲရတဲ့ဒီအချိန်ခဏလေးကိုတောင် လွမ်းနေမိ၏။ ဟိုမှာရှိနေတုန်း ဦးသတိုးကြည့်ခိုင်းတဲ့သစ်တွေကိုလည်း လိုက်မကြည့်ပေမယ့် ကိုမင်းယုဝေ ကျေးဇူးကြောင့် အကျိုးအကြောင်းပြန်ပြောနိုင်၏။ အပြန်လမ်းမှာတော့ ရွှေမြင်းပျံ ပုသိမ်ဟာလဝါဆိုင်ကိုဝင်ကာ ဟာလဝါအစိုရော အခြောက်ရောကိုအားလုံးအတွက် ဝယ်ယူရသည်။

သစ်တောကြိုးဝိုင်းထဲမှာ ရော်ဘာခြံထဲကိုလည်းရောက်ခဲ့ပြီး သီဟိုရ်ခြံထဲပါရောက်ခဲ့သည်။ ရှိသမျှ ကြိုးဝိုင်းတွေနှံ့အောင်တော့ မရောက်ခဲ့ပေ။ သို့ပေမယ့် သူတို့နှစ်ယောက်တောထဲဆင်းပြီး ချောက်ထဲဆင်းသွားကာ အတော်လေးလဲပျော်ခဲ့ရ၏။ အတူရှိနေတဲ့အချိန်မှာလည်း ကိုမင်းယုဝေနဲ့ပါ သူတို့စုံစမ်းနေတဲ့ကိစ္စကို ဆွေးနွေးဖြစ်၏။ သူလဲဟိုအဖွဲ့အစည်းထဲရောက်တာ လပိုင်းအနည်းငယ်ကြာသွားပြီဖြစ်တာကြောင့် သိသင့်သည့်အကြောင်းအရာတော်တော်များများကို သိနေပြီဖြစ်သည်။ သို့ပေမယ့် သူတို့အဖွဲ့အစည်းမှာ ရံပုံငွေရှိပုံရပြီး အဲ့ဒိရံပုံငွေကိုဘယ်ဘဏ်မှာအပ်ထားတယ်၊ ဘယ်လိုပုံစံမျိုးနဲ့အပ်ထားတယ်ဆိုတာကိုတော့ သူမသိသေးပေ။

"မေမေ"

"ဟယ် အသားတွေမဲသွားသလိုပဲ"

မေမေက သူ့ကိုကြည့်ကာရယ်ပြီးပြောသည်။ ပြီးတာနဲ့သူ့လက်ထဲက လက်ဆောင်ပေးဖို့ဝယ်လာတဲ့ ဟာလဝါထုတ်တွေကို ခွဲသယ်ပေး၏။

"ဘာတွေတောင် ဒီလောက်ဝယ်လာတာလဲ"

"လက်ဆောင်ပေးဖို့လေ မေမေ။ ခဏ ကျွန်တော် အဝတ်အိတ်သွားထားလိုက်အုန်းမယ်"

ဒေါ်မေနွယ်မှာ သားဝယ်လာတာတွေကိုဖွင့်ကြည့်သည်။ ဟာလဝါတွေတင်မဟုတ်ပဲ ပုစွန်ခြောက်တွေရော၊ ငါးခြောက်တွေရော အများကြီးဖြစ်သည်။

"အေးလာအုန်း။ ငါးခြောက်တွေက အများကြီးပဲ"

သူ အောက်ပြန်ဆင်းလာတာနဲ့မေမေက ကြည့်ပြောတော့သည်။

D-Day [Complete]Where stories live. Discover now