Part 13

1.9K 165 12
                                    

U+Z

စာလိပ်သေးသေးလေးကို မှန်ဘီလူးနဲ့ကြည့်ကာ အပြင်မှာပြန်ဆွဲနေတဲ့သူရ။ အားလုံးဆွဲပြီးချိန်မှာတော့ မြေပုံဖြစ်ပြီး ထိုအဖွဲ့အစည်းတည်ရှိရာ နေရာကိုညွှန်ပြထားတာဖြစ်သည်။ သူရထိုပုံကို scan ဖတ်ပြီး ဒီနေ့ဆီကိုပို့လိုက်၏။

"မိုးလွင့်"

"ဟုတ်ကဲ့ ခေါင်းဆောင်"

"ဒီ report ကို အဖွဲ့မှူးဆီပို့ပေးပါအုန်း"

"ဟုတ်ကဲ့"

မိုးလွင့် ဒီနေ့ပေးတဲ့ဖိုင်ကိုယူကာ အဖွဲ့မှူးအခန်းကိုသွားလိုက်၏။ သူတို့ဌာနကနေ အဖွဲ့မှူးဆီသွားဖို့ဆိုရင် ဌာန ၃ ခုလောက်ကိုဖြတ်ရတာဖြစ်သည်။

"မိုးလွင့်"

"ဟုတ်ကဲ့"

လမ်းမှာ ပြည်သူ့ဆက်ဆံရေးက ဦးမိုးဟိန်းနဲ့တွေ့ရပြန်သည်။

"ဘာတွေလဲ"

"တင်ပြချက်ပါ"

"ကြည့်လို့ရလား။ ငါလည်း အခုတလော တင်ပြချက်တွေရေးရမှာဆိုတော့ နည်းနည်းမှီငြမ်းလို့ရငြားပေါ့"

"ရပါတယ်"

မိုးလွင့် ခေါင်းဆောင်ပေးလိုက်တဲ့ဖိုင်ကို ဦးမိုးဟိန်းလက်ထဲ ထည့်လိုက်သည်။ ဦးမိုးဟိန်းက စာမျက်နှာတိုင်းကို ဖတ်ပြီးခေါင်းတငြိမ့်ငြိမ့်နဲ့လုပ်ပြီး

"ဒီလောက်ဆိုရပြီ"

"ဟုတ်ကဲ့"

မိုးလွင့် ဦးမိုးဟိန်းလက်ထဲကဖိုင်ကိုပြန်ယူကာ အဖွဲ့မှူးအခန်းကိုပဲတန်းဝင်လိုက်၏။ ပင်မအချုပ်မှာ သူစောင့်ကြည့်နေရသလောက် ဘာမှမထူးခြားတာကြောင့် မိုးဟိန်း တစ်ဖက်နဲ့အဆက်အသွယ်လုပ်နေကြ ခလုတ်ဖုန်းကိုနှိပ်ပြီး စိတ်ချလို့ရကြောင်း စာပို့လိုက်၏။ ထွက်ပြေးသွားတဲ့တစ်ယောက်ဆိုတာ အစအနမှမတွေ့ပဲ။ နီးစပ်ရာစခန်းတွေကိုလည်း စုံစမ်းပြီးတာနှံ့လို့။ ဘာသတင်းအစအနမှမတွေ့။ ထွက်ပြေးသွားတဲ့ ကောင်မလေးအိမ်ပတ်ဝန်းကျင်မှာလဲ သူတို့လူတွေရှိပါတယ်။ အိမ်ကိုပြန်လာတာမတွေ့သလို ဘာမှထူးခြားလဲမပြ။ ကောင်မလေးပျောက်နေတာက‌‌တော့ ထူးခြားနေတာလို့ပြောလို့ရတာပေါ့။

D-Day [Complete]Where stories live. Discover now