Part 21

1.8K 157 6
                                    

U+Z

ဓိရာဇ်မိုရဲ့သားက ဒီယောရာဇာဓိရာဇ်။ ဒါကို confirm ပေးလိုက်ပြီဆိုတော့ သူတို့ရှေ့ဆက်လုပ်ဖို့ စီစဉ်ရတော့မှာ။ သူတစ်ယောက်ထဲကို ကိုင်တွယ်ရမှာမဟုတ်ပဲ နောက်ကွယ်ကသူကိုပါ ကိုင်တွယ်ရမှာကို သူတို့နားလည်သူ။ အဓိကလူကတော့ ဦးအောင်ခန့်ပေါ့။

ဦးသတိုး သူတို့တင်မြှောက်လိုက်တဲ့ လက်ရှိအကြီးအကဲကိုဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပေ။ ကိုဓိရာဇ်တို့ကိုဖြုတ်ချလိုက်ချိန်တုန်းက သူတို့လူကို တစ်ခါထဲတင်ပေးခဲ့တာမဟုတ်လား။ ယာယီသမ္မတဆိုပေမယ့် လက်ရှိအချိန်ထိ တည်မြဲနေဆဲ။ အဲ့ဒိအချိန်တုန်းက ကိုယ့်လူကနိုင်ငံရဲ့ တာဝန်အရှိဆုံးရာထူးကိုရယူထားပြီး သူတို့အားလုံးလည်း စီးပွားရေးက တရိပ်ရိပ်နဲ့တက်လာကြတာမဟုတ်လား။ ကိုယ့်လူက အဲ့ဒိရာထူးကိုယူထားတဲ့သူဖြစ်တော့ စီးပွားရေးအားလုံးက ကိုယ့်အိတ်ထဲရောက်တာမစမ်း။

အခု ထိုလူနဲ့ပြန်ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရ။ အရင်ထဲက သူ့ကိုတိုက်ရိုက်ဆက်သွယ်တာမဟုတ်ပဲ အတွင်းရေးမှူးကိုဆက်သွယ်တာ။ အခုက ကြားမှာဦးအောင်ခန့် ခံနေတော့ ဆက်သွယ်လို့မရဖြစ်နေသည်။ ထို့အတူ သူတို့တင်ပေးခဲ့တဲ့ ထိုလူကအခု ဘယ်ခြေလှမ်းနေပြီလဲ။ ၁၀ နှစ်ကျော်ဖြစ်သွားတဲ့အချိန်မှာ ဘာလုပ်ချင်နေတာလဲ။ သူ့နေရာအစားထိုးဖို့လူရှာနေတာလား။ ဘာတွေလုပ်နေတာလဲ။

ဦးသတိုး ထိုလူကို ဆက်သွယ်လို့မရတာကြောင့် သူတို့အဖွဲ့အစည်းဖွဲ့စည်းတုန်းကပါဝင်ခဲ့တဲ့ သူတွေထဲကမှ အသက်ရှိနေသေးသူတွေကိုဆက်သွယ်လိုက်သည်။ သူတို့အဖွဲ့တွေပြန်စည်းလုံးဖို့ လိုနေပြီမဟုတ်လား။

"ဘာထူးခြားသေးလဲ"

"ဒီနေ့မင်းလွင်နဲ့ ဒီယောရာဇာဓိရာဇ်ရဲ့ ပတ်သက်မှုက သာမာန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် ဆရာ"

ဦးသတိုး မျက်မှောင်ကျုတ်လိုက်သည်။ ဘာကြောင့် သာမာန်မဟုတ်ဘူးထင်ရတာလဲ။

"ဟို အဲ့နေ့က ဒီနေ့မင်းလွင်ဆရာ့သမီးဆိုင်ကဝယ်သွားတဲ့ foot chain ရှိတယ်ခင်မျ။ အဲ့ဒိ foot chain ကို ဒီယောရာဇာဓိရာဇ်ရဲ့ခြေထောက်မှာ ဝတ်ထားတာတွေ့ပါတယ်"

D-Day [Complete]Where stories live. Discover now