Part 27

1.8K 154 2
                                    

U+Z

သစ်ပိုင်းနှင့်သစ်တုံးတို့ရဲ့မီးအရှိန်က မနက်မိုးလင်းသည်အထိ ငွေ့ငွေ့လေးတောက်လောင်နေဆဲဖြစ်သည်။ ထို့အတူ ပက်လက်သစ်သားခုံမှာလဲ ပူးကပ်အိပ်နေတဲ့နှစ်ယောက်ကတော့ ဝင်သက်ထွက်သက်မှန်မှန်နဲ့အိပ်နေဆဲဖြစ်သည်။ ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာများကို နှစ်ယောက်သားဖြေရှင်းလိုက်ကြပြီး ဖြေရှင်းပြီးချိန်မှာတော့ လင်းကြက်တွန်ချိန်တောင် ရောက်လုနီးပါးဖြစ်နေပြီဆိုတာ သူတို့နှစ်ယောက်လုံးသိသည်။ ထိုအချိန်မှ အိပ်ရာဝင်ခဲ့တဲ့သူတို့နှစ်ယောက် အိပ်ရာဆီမသွားတော့ပဲ တစ်ယောက်သာ လုံလုံလောက်လောက်အိပ်လို့ရမယ့် ပက်လက်သစ်သားထိုင်ခုံမှာပဲ နှစ်ယောက်သားဆေးကျောခြင်းမပြုလုပ်ပဲ အိပ်ပျော်သွားတာဖြစ်သည်။

ဟင်း....

အသက်ရှူသံပြင်းပြင်းထွက်လာကာ မျက်လုံးပေါ်ကိုအလင်းရောင်ရောက်လာတာကြောင့် ဒီနေ့ မျက်လုံးခပ်မှေးမှေးဖွင့်လိုက်၏။ အလင်းရောင်ကို ခံနိုင်လောက်မှ သူ့မျက်လုံးတွေက ပုံမှန်ပွင့်လာတော့သည်။ ပက်လက်မကျ တစောင်းမကျသူ့ဘေးမှာ ဓိရာဇ်ရှိပြီး သူ့လက်ကိုခေါင်းအုန်းကာ သူ့ကိုကျောပေးပြီး မမှောက်ရုံတမယ်အိပ်ပျော်နေ၏။ ဒီနေ့ အိပ်ပျော်နေတဲ့ ဓိရာဇ်ဆံပင်ထဲလက်ထိုးဖွလိုက်ပြီး နမ်းလိုက်ကာ မြင်နေရတဲ့ကျောပြင်ကို ကြည့်လိုက်၏။ ကျောပြင်မှာရှိတဲ့ tattoo တွေကို လက်နဲ့ဖွဖွလိုက်ထိနေပြီး tattoo တို့သည် ခါးဆစ်ရိုးကျော် တင်ပါးဆုံရိုးမှာဆုံးသွားသည်။

"မလုပ်နဲ့"

အသက်ခပ်အက်အက်ကထွက်ပေါ်လာကာ ဓိရာဇ်နိုးသွားမှန်း သိလိုက်တော့သည်။

"ကိုယ့်ကိုပြောမပြချင်ဘူးလား"

......

"ဒါတွေက ဘာအဓိပ္ပာယ်လဲ၊ ဘယ်တုန်းကထိုးခဲ့တာလဲ ကိုယ်သိချင်တယ်"

"၁၅ နှစ်မှာ တစ်ခါ ၁၆ နှစ်မှာ တစ်ခါထိုးခဲ့တာ"

မမှောက်ရုံတမယ်ခန္ဓာကိုယ်က အခုတော့ လုံးဝမှောက်သွားပြီဖြစ်ကာ ဒီနေ့ကတော့ ဘေးတစောင်းနဲ့ကျောကိုလိုက်တို့ရင်းမေးနေတာဖြစ်သည်။

D-Day [Complete]Kde žijí příběhy. Začni objevovat