အပိုင်း (၁၅၀+၁၅၁)

Start from the beginning
                                    

ထူးဆန်းတဲ့ကလေးမလေးပဲ။ ကျိုးရွှမ်းက စဥ်းစားလိုက်၏။ ထို့နောက် သူက ရွှတ်နောက်နောက်ပြုံးလိုက်ပြီး ကျိုးယန်ကိုဖုန်းခေါ်လိုက်ကာ ရှန်ယွဲ့၏ကတ်နံပါတ်ကို မေးခိုင်းလိုက်လေသည်။ ကျိုးရွှမ်း ဖုန်းချလိုက်သည်နှင့် ရှန်ယွဲ့၏ဖုန်းထဲတွင် ယွမ် ၅သန်းလွဲလိုက်ကြောင်း စာတစ်စောင်ဝင်လာလေသည်။

ထိုအခါမှ ရှန်ယွဲ့က အနည်းငယ်ကျေနပ်သွားတော့သည်။ ကော်ပိုရေးရှင်းကြီးတစ်ခုက ဒီလိုပဲဖြစ်သင့်တာလေ။

"ကျွန်တော့်ကျိုးမိသားစုက ငွေမရှားပါဘူး၊ ဒါပေမဲ့ ဝိသမလောဘ ရှိတဲ့သူတွေကတော့ အနာဂတ်မှာ သေရတတ်တယ်"

ကျိုးရွှမ်း၏ ရုတ်တရက်စကားက တည်ငြိမ်လှသော်လည်း ပုန်းကွယ်နေသည့် ဓားထက်ထက်တစ်ချောင်းက ရှိနေလေသည်။

ရှန်ယွဲ့က သူ့သရော်စကားကို လုံးဝဂရုမစိုက်ချေ။ လက်ရှိသူမ စုဆောင်းထားသည့် ငွေမှာ သူမ၏အနာဂတ် အစီအစဥ်ကို ပြင်ဆင်ဖို့ရန်သာဖြစ်သည်။ ရှန်ယွဲ့၏စိတ်ထဲတွင် အဖွဲ့အစည်းထဲက မိသားစုနှင့်တူသည့် သူမ၏လက်ဖော်ကိုင်ဖက်များက အဖွဲ့အစည်းနှင့်အတူ သူမကို လုပ်ကြံခဲ့ခြင်းအပေါ် လုံးဝ မေ့လိမ့်မည်မဟုတ်ပေ။

သူမသည် လက်စားချေဖို့အတွက် ဘာမဆိုလုပ်ရလိမ့်မည်။ ကျိုးရွှမ်မမြင်နိုင်သည့် ရှုထောင့်တစ်ခုတွင် ရှန်ယွဲ့၏အကြည့်က တဖြည်းဖြည်း စူးရှလာပြီး ဆံပင်များ ထောင်တက်လာသည့်နှယ်။

" ဟင်းပွဲတွေကို ချပေးပြီးပါပြီ၊ ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ အထူးဟင်းလျားတွေအားလုံးကို တည်ခင်းထားပေးပါတယ်၊ အားလုံးက အိမ်ချက်လက်ရာတွေပါ၊ စိတ်မကျေနပ်တာရှိရင် လွတ်လွတ်လပ်လပ် ထုတ်ပြောလို့ရပါတယ်"

သူမသူဌေး၏ အရေးတယူလုပ်နေသည့် သဘောထားကို ကြည့်ပြီး ရှန်ယွဲ့မှာ မနေနိုင်တော့ဘဲ ခေါင်းခါလိုက်တော့သည်။ အရင်က သူမ ဒီကို ရှန်ချန်ကိုခေါ်လာတုန်းကဆိုရင် သူဌေး အဲလောက် တက်ကြွတာ တစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့ အစားအသောက်ကတော့ သူ့အကြိုက်နဲ့ တော်တော်တူတယ်။

သူတို့နှစ်ယောက်က စတင် စားသောက်လိုက်ကြသည်။ ကျိုးရွှမ်းက ရိုးရှင်းသည့် အစားအသောက်ကို စားလိုက်ပြီးနောက် အကြောင်းတစ်ချို့ကြောင့် ရုတ်တရက် ခံစားချက်အနည်းငယ် လှိုက်တက်လာလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now