Chapter 16.13/16.14

585 67 3
                                    

အခန်း ၁၆ သူပုန်များကို ဝိုင်းရံခြင်းနှင့် နှိမ်နင်းခြင်း (အပိုင်း ၁၃)

ဆောင်းဦးရာသီဖြစ်၍ ညလေက ခပ်ဖျော့ဖျော့သာ အေးမြနေပြီး လရောင်က ကြည်လင်တောက်ပနေကာ တောင်တန်းများကြားမှ တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမကို ပိုးဖြူဖျော့ဖျော့ ပိုးသားလေးတစ်ရွက်လို လင်းလက်တောက်ပနေစေသည်။ သို့သော် အဝေးဆီမှ တဖြည်းဖြည်းနီးကပ်လာသော ခပ်သွက်သွက် မြင်းခွာသံများက ညအမှောင်၏ အထီးကျန်တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

မူလက ရှေ့သို့ရွေ့လျားနေသော မြင်းနှစ်ကောင်က ခေါင်းချင်းဆိုင်သွားသည်။ သို့သော် မြင်းတစ်ကောင်းက သုံးလီကျော်အကွာသို့ ရုတ်တရက် ခုန်တက်သွားသည်။ မြင်းပေါ်မှလူက ဇာတ်ကြိုးကို ချက်ချင်းဆွဲလိုက်ရာ မြင်းက ချက်ချင်းရပ်သွားပြီး လမ်းမဆီသို့ ပြန်ဦးတည်သွားသည်။

နောက်မှ မြင်းကလည်း လန့်ဖျပ်သွားပေမယ့် မြင်းစီးသူက ဇက်ကြိုးကို လျင်မြန်စွာ ထိန်းနိုင်ခဲ့သည်။ မြင်းက အ‌ရှေ့မှမြင်းကို မတိုက်မီ ကပ်သီးကပ်သတ်အလိုတွင် ရပ်တန့်သွားခဲ့သည်။

အရှေ့မြင်းပေါ်မှလူကို စိုက်ကြည့်ရင်း ကုယွင်က "ရှင် ဘာလုပ်တာလဲ"

မြင်းကို အချိန်မှီ မရပ်နိုင်ရင် နှစ်ယောက်စလုံး ဒုက္ခရောက်နိုင်တယ်ဆိုတာကိုရော သူ သိရဲ့လား?

စုလင်းက မြင်းပေါ်မှ သေသေသပ်သပ် ဆင်းလာပေမယ့် သူ့မျက်နှာက ညအမှောင်ထက်‌တောင် မည်းမှောင်နေပြီး အေးစက်စွာ ပြောလိုက်သည်။ "နှစ်နေ့နဲ့တစ်ည ခရီးထွက်ခဲ့ပြီးပြီ၊ အခု အနားယူရတော့မယ်"

ကုယွင်ကလည်း အေးစက်စွာ ဟစ်အော်သည်။ "ရှင် အနားယူချင်တာက ရှင့်ကိစ္စပဲ၊ ကျွန်မလမ်းကို လာမပိတ်နဲ့"

အဲ့တာကြောင့် ဒီလူနဲ့အတူ မသွားချင်တာ... ဒီလူက အဆင်မပြေဘူး။

စုလင်းက သူမကို လျစ်လျူရှုကာ ရှေ့သို့ တိုးလာပြီး မြင်း၏ဦးခေါင်းမှ သားရေကြိုးကို ယူကာ အနီးနားမှ တောအုပ်ဆီသို့ ဆွဲခေါ်သွားသည်။

ကုယွင်က စိတ်ဆိုးသွားပြီး "စုလင်း! တခြားသူတွေကို လေးစားရမယ်ဆိုတာကို ရှင် သိလား?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now