Chapter 16.7/16.8

567 60 0
                                    

အခန်း ၁၆ သူပုန်များကို ဝိုင်းရံခြင်းနှင့် နှိမ်နင်းခြင်း (အပိုင်း ၇)

ကုယွင်က သေသေချာချာ မြင်ရရန် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ချိန်တွင် စုလင်း၏ပုံရိပ်ကို မတွေ့ရတော့ဘဲ လမ်ရှောင်းနှင့် လော့ရန်တို့ကာ စစ်သည်များကို ဘယ်မှ ညာသို့ ဖြည်းညင်းစွာ ချီတက်ရန် ညွှန်ကြားနေသည်ကို မြင်လိုက်ရသည်။

ကုယွင်က လမ်ရှောင်း၏အနောက်ဘက်သို့ လျှောက်သွားလိုက်ပြီး "စုလင်းနဲ့ လက်ထောက်ယု ဘယ်မှာလဲ?"

လမ်ရှောင်း လှည့်ကြည့်လာပြီး ကုယွင်ကို သေသေချာချာ ကြည့်လိုက်သည်။ သူမက အနည်းငယ် ညစ်ပတ်ပေရေနေပြီး ကမောက်ကမ ဖြစ်နေပေမယ့် သူမ၏ခန္ဒာကိုယ်တွင် ထိခိုက်ဒဏ်ရာ ရှိမနေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ "စစ်သူကြီးစုက သူပုန်တွေ ရေစလွှတ်တဲ့နေရာက သူတို့စခန်းနဲ့ သိပ်မဝေးဘူးလို့ တွက်ဆထားတယ်။ နောက်ထပ် မီးအလင်းရောင်ကို မြင်လိုက်ရင် သူပုန်တွေက ရေလမ်းကနေ ထပ်ပြီး ထွက်ပြေးမှာကို သူ စိုးရိမ်လို့ သူပုန်စခန်းကို တိုက်ခိုက်ဖို့ ဒုစစ်သူကြီးယုနဲ့ စစ်သည်ငါးထောင်ကို ဦးစီးပြီး ချောင်းလမ်းတလျှောက် ချီတက်သွားပါတယ်"

ကုယွင်က ရှင်းရှင်းလင်းလင်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူမက ရုတ်တရက် သူပုန်ခေါင်းဆောင်ကို အလွန် စိတ်ဝင်စားလာခဲ့သည်။ မြစိမ်းရင့်ရောင် အမျိုးသမီးသာ သူ့မိန်းမဖြစ်ခဲ့လျှင် ဤကဲ့သို့ ထက်မြက်ပြီး ထူးချွန်လွန်းသော မိန်းခလေးမျိုးကို အနိုင်ယူနိုင်တဲ့သူက ဘယ်လို ယောက်ျားမျိုး ဖြစ်နိုင်မလဲ? သူသာ မြစိမ်းရင့်ရောင် အမျိုးသမီးရဲ့ခေါင်းဆောင် ဖြစ်နေရင် ထိုကဲ့သို့ မာနကြီးပြီး ရဲရင့်သော အမျိုးသမီးကို သူ့အတွက် အသုံးချတဲစိတ်ဖြစ်ပေါ်လာအောင် သူ ဘယ်လို ဆွဲဆောင်ပြီး သူ့မှာ ဘာ ဆွဲဆောင်မှုတွေ ရှိနေတာလဲ?

အဖြေကို သိလိုစိတ်ပြင်းပြနေသော ကုယွင်က သူပုန်စခန်းဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။

စမ်းချောင်းမှ လေးငါးလီလောက် ဆက်သွားပြီးချိန်တွင် တိုက်ပွဲသံများကို ကြားလိုက်ရတာကြောင့် ကုယွင်က စိတ်လှုပ်ရှားသွားပြီး သူမ၏ အရှိန်ကို ထပ်မြှင့်လိုက်သည်။ သူမက ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲကို မြင်ရဖို့ မျှော်လင့်ထားပေမယ့် သူမရှေ့မှ မြင်ကွင်းက သူမကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now