Chapter 10.11/10.12

622 76 4
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၁၁)

ကုယွင်က အဲ့တာကို အရင်ထဲကတွေးတောပြီးသား ဖြစ်နေတာကြောင့် သူမက "ကူးသွားတဲ့ စစ်သည်တိုင်းရဲ့ခါးမှာ ကြိုးရှည်တစ်ချောင်း ချည်ပေးလိုက်မယ်၊ ဟန်ရှုကို ကယ်တင်ပြီးရင် အဲ့ကြိုးကို ပြန်ဆွဲမယ်။ သူပုန်တွေက အခုပေါ် အခုပျောက်ပုံစံနဲ့ ပုန်းကွယ်နေတာဆိုတော့ သူတို့က အဲဒီသစ်တောကိုပဲ မှီခိုအားကိုးနေလိမ့်မယ်။ ငါတို့ဘက်ကလူတွေက ချောက်ကမ်းပါးမှာပဲ နေလို့ရတယ်၊ ရန်သူကို အရူးအမူး မဝင်လာသရွေ့တော့ ငါတို့ အနိုင်ရဖို့ အခွင့်ကောင်းရှိတယ်"

သူမက လူကို ကယ်တင်ရန်သာ ရည်မှန်းထားသည်ကို ကြားလိုက်ရတော့ လို့မူဟိုင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး "ဒီအခွင့်အရေးကြီးကို လွယ်လွယ်နဲ့ လက်လွတ်လိုက်ရင် နှမြောစရာပဲ မဟုတ်ဘူးလား?" သူက အနောက်မြောက်ဘက်တွင် နှစ်အတော်ကြာ တပ်စွဲထားခဲ့ရပြီး၊ ထိုသူပုန်များကို အမြစ်‌ဖြတ်ပစ်နိုင်ရန် အကြိမ်ကြိမ်အခါခါ အိပ်မက်မက်ခဲ့ရသည်။ ဒီလိုရှားပါးတဲ့ အခွင့်အရေးကို သူ ဘယ်လို စွန့်လွှတ်ချင်ပါ့မလဲ???!

ကုယွင်က သူမ၏အမြဲတမ်းကြည်လင်သောမျက်လုံးများဖြင့် လို့မူဟိုင်ကို လှည့်ကြည့်ကာ အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။ "စစ်သူကြီးလို့၊ ရှင်က ဒီသူပုန်တပ်နဲ့ ရင်ဆိုင်နေတာ နှစ်အတော်ကြာနေပြီ၊ သူတို့ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ရှင် သိသင့်တယ်၊ စုမိသားစုစစ်တပ်ရဲ့ဖွဲ့စည်းပုံက လူတိုင်းအံ့မခန်းဖြစ်ရလောက်အောင် ကောင်းမွန်တယ်ဆိုတာ မှန်တယ်။ စစ်သည်တွေကလည်း သတ္တိကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတယ်၊ ဒါပေမယ့် အရင်တုန်းက ရန်သူတွေအားလုံးက ပွင့်လင်းမြင်သာတဲ့နေရာမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ၊ အခုတကြိမ်မှာ ပတ်ဝန်းကျင်က အရမ်းခြားနားလွန်းတယ်။ စစ်ရေးဗျူဟာသမားတစ်ယောက်အတွက် "မိမိရဲ့အင်အားနဲ့ ရန်သူရဲ့အင်အားကို သိခြင်းကသာ အကောင်းဆုံးသောဗျူဟာ" လို့ကြားဖူးတယ်။ အခု ကျွန်မတို့ဘက်က စစ်သည်တွေက အဲ့တောရဲ့အကြောင်းကို ဘာမှမသိဘူး၊ အဲ့သူပုန်တွေက ဟန်ရှုကို အယောင်ပြပြီး ကျွန်မတို့ကို တောနက်ထဲကို လှည့်စားခေါ်သွားပြီး မြှားတွေကို သုံးတာမျိုးဖြစ်နိုင်တယ်၊ ကျွန်မတို့ဘက်က တဇွက်ထိုး ဝင်သွားရင် အပြစ်မဲ့စစ်သည်တွေရဲ့ အသက်ကို ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ၊ အဲ့တာဆိုရင် အရမ်းသနားစရာကောင်းသွားလိမ့်မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now