Chapter 3.1

716 94 6
                                    

အခန်း ၃ နတ်ဆိုးစစ်ရေးနည်းပြ (အပိုင်း ၁)

မော်ရှီ(နံနက်၅နာရီမှ ၇နာရီ)တွင် ကောင်းကင်က စတင်တောက်ပနေပြီးဖြစ်သော်လည်း တောအုပ်ထဲမှ သစ်ရွက်များက နံနက်ခင်းအလင်းရောင်ကို ပိတ်ဆို့ထားသဖြင့် အနည်းငယ် မှောင်နေသေးသည်။ ရှည်လျားစွာ တန်းစီထားသော လူငါးရာခန့်အဖွဲ၏ ချီတက်မှုအရှိန်နှင့် တပ်သားများ၏ စိတ်ဓာတ်ကို ကြည့်လျှင် မနေ့က နံနက်ကထက်ပင် စိတ်ဓာတ် တက်ကြွမှု နည်းပါးနေခဲ့သည်။ တပ်သားများက တောအုပ်ထဲသို့ ပြေးဝင်လာကြပြီး မီးမှိန်မှိန်အောက်တွင် သူတို့ တစ်ညလုံး ကျိန်စာတိုက်နေခဲ့သော ပုံရိပ်ကို တစေ့တစောင်း မြင်လိုက်ရသည်။

ကုယွင်၏မျက်နှာပေါ်တွင် အေးစက်သောအကြည့်တစ်ခု ရှိနေသည်မှာ အခြားအရာအတွက်မဟုတ်ဘဲ ဤခေတ်တွင် နာရီမရှိသောကြောင့် ဖြစ်သည်။ အချိန်ကို စောင့်နေရတာက သူမအတွက် အဆင်မပြေလှပေ။ ဒီလူတွေက သူမ စိတ်အနှောင့်အယှက်ဖြစ်အောင် သူမကို ဆယ့်ငါးမိနစ်လောက် စောင့်ခိုင်းခဲ့တာ သေချာနေသည်။

အဖွဲ့က သေချာ တန်းစီပြီး ရပ်လိုက်သည်နှင့် တပြိုင်နက် ကုယွင်၏ အမူအရာက အလွန်ကွဲပြားနေသည်ကို တပ်သားများက သတိပြုမိပြီး သူမက နောက်ထပ် နှိပ်စက်ညှဉ်းပမ်းမှုများ ထပ်လုပ်လာမည်ကို တိတ်တဆိတ် စိုးရိမ်သွားကြသည်။

"ကောကျင့်ယွင်၊ လမ်ရှောင်း" အေးစက်သောအသံက လေထဲမှာ ပဲ့တင်ထပ်နေသလို ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့" ကောကျင့်ယွင်နှင့် လမ်ရှောင်းက ရှေ့တစ်လှမ်း တိုးလိုက်ကြသည်။ ကုယွင်က နက်မှောင်နေတဲ့ မျက်နှာနဲ့ "ဒီနေ့ကစပြီး နေ့တိုင်း လေ့ကျင့်ရေးမစခင် ပထမဆုံးလုပ်ရမှာက မင်းတို့ရဲ့အဖွဲ့တွေကို ဒီကနေ တောင်ပေါ်ကို ပြေးတက်ပြီး ပြန်လှည့်လာခိုင်းရမယ်။ အချိန်က တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံထက် မပိုရဘူး။ အဲ့အချိန်ထက် နောက်ကျမှ ပြန်ရောက်တဲ့သူက နေ့လည်​ထမင်းစားခွင့် ​မရှိဘူး!"

လူတိုင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်မိကြသည်။ ကံကောင်းထောက်မစွာနဲ့ပဲ ပြေးရုံသာ ပြေးခိုင်းခဲ့သည်။ အဲ့ဒါက မနေ့ကနဲ့ယှဉ်ရင် အရမ်းကို လွယ်ကူလွန်းလှသည်။ သူတို့ တိတ်တဆိတ် ရွှင်မြူးနေကြစဉ်၊ ကုယွင်က မဝေးလှသော အမှောင်ထုထဲမှ တောင်ပုံကြီးတစ်ခုကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "အဲဒီမှာ အိတ်တချို့ ရှိတယ်၊ တစ်ယောက်စီက အိတ်လေးအိတ် ယူရမယ်၊ ခါးမှာ နှစ်အိတ်ဆွဲမယ်၊ ခြေထောက်နှစ်ဘက်မှာ တစ်အိတ်စီ ကြိုးနဲ့ချည်ပြီး ချက်ချင်း ထွက်တော့"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now